6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၉၊ ၂၀၁၉
M-Media

ဗလီတစ်ခုကို စောင့်ကြပ်ပေးထားသည့် သီရိလင်္ကာ စစ်သားများ

-ဧပြီလ ၂၁ ရက် အီစတာနေ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေနောက်ပိုင်း သိရိလင်္ကာက အစ္စလာမ်ဘာသာဝင်တွေကို တရားလက်လွတ် ဖမ်းဆီးမှု၊ ညှင်းပမ်းမှုတွေ ရှိနေပြီး ဥရောပသမဂ္ဂနဲ့ အခြား လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီလုပ်ရပ်တွေအတွက် စိုးရိမ်မိကြောင်း ထုတ်ပြန်ထားပါတယ်။

ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခု အပါအ၀င် နေရာ ၈ ခုမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုတွေကြောင့် လူ ၂၅၀ ကျော်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ သီရိလင်္ကာအစိုးရက ဒီတိုက်ခိုက်မှုကို နိုင်ငံအတွင်း လူသိနည်းတဲ့ မွတ်စလင်အဖွဲ့ ၂ ခု ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ပြီး ဆီးရီးယားမှာ နယ်မြေဆုံးရှုံးမှုအတွက် လက်တုန့်ပြန်တာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုနောက်ပိုင်း သိရိလင်္ကာ ရဲတပ်ဖွဲ့ဟာ နိုင်ငံတစ်ဝှမ်းမှာ ဖမ်းဆီးစစ်ဆေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူဝမ် ဂူနာဆီကာရာက လူပေါင်း ၂၂၈၉ ဦး ဖမ်းဆီးထားပြီး အဲဒီအထဲက ၁၈၂၀ ဦးဟာ မွတ်စလင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေထဲက ၁၆၅၅ ဦးကို အာမခံနဲ့ လွှတ်ပေးခဲ့ပြီး ၆၃၄ ဦးကို ဆက်လက်ထိန်းသိမ်းကာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။

တရားလက်လွတ်ဖမ်းဆီးမှု

တိုက်ခိုက်မှုနဲ့ ဆက်နွယ်တဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ သီရိလင်္ကာ ရဲတပ်ဖွဲ့ဟာ တရားလက်လွတ် ဖမ်းဆီးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

နိုင်ငံအလယ်ပိုင်းက အသက် ၄၇ နှစ်အရွယ် အမျိုးသမီး အဘ်ဒူလ် ရဟင်း မာဇာဟီနာက သူမအင်္ကျီက သင်္ဘောပဲ့ထိန်းဘီးပုံကို ဓမ္မစကြာတံဆိပ်လို့စွပ်စွဲကာ ရဲတပ်ဖွဲ့က မေလ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် သူမဟာ အမုန်းစကား တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

သီရိလင်္ကာအစိုးရရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ဦးစီးဌာနက မာဇာဟီနာရဲ့ အင်္ကျီကပုံဟာ ဓမ္မစကြာတံဆိပ် ဟုတ်လားဆိုတာ မသေချာဘူးလို့ နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

မာဇာဟီနာဟာ ၁၇ ရက်ကြာ ထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် ချမှတ်နိုင်တဲ့ အမုန်းစကားတိုက်ဖျက်ရေးပုဒ်မနဲ့ တရားစွဲ ခံထားရပါတယ်။

စိုးရိမ်မှုရှိ

နိုင်ငံတစ်ဝှမ်းမှာ မာဇာဟီနာလိုပဲ တရားလက်လွတ် ဖမ်းဆီးခံရမှု အမြောက်အများရှိနေပြီး သီရိလင်္ကာ လူ့အခွင့်အရေးကော်မရှင်က မွတ်စလင်တွေ တရားလက်လွတ် ဖမ်းဆီးခံရမှုအတွက် တိုင်ကြားမှုတွေ အများအပြား ရရှိထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်မတို့အနေနဲ့ တော်တော်လေး စိုးရိမ်မိပြီး ဒီလို ဖမ်းဆီးခံရမှု ရှိတယ်ဆိုတဲ့ အထောက်အထားတွေ၊ အကြံပြုချက်တွေနဲ့အတူ ရဲချုပ်ထံ စာရေးသား ပေးပို့သွားမှာပါ” လို့ ကော်မရှင် ဥက္ကဌ ဒီပီကာ အူဒူဂါမာက ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂကလည်း ပြီးခဲ့တဲ့တစ်ပတ်က ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး သီရိလင်္ကာက အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းပေါ် နိုင်ငံရေးနဲ့ ဘာသာရေးဖိအားပေးမှုတွေ ရှိလာတဲ့အတွက် အလွန်အမင်း စိုးရိမ်မိကြောင်း၊ ဒါတွေဟာ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက်စေမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ တရားလက်လွတ် ဖမ်းဆီးမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ရဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာမှာ သီရိလင်္ကာ တရားရေးစနစ်က ချို့ယွင်းချက်တွေကြောင့် လူတွေဟာ တရားလက်လွတ် ဖမ်းဆီးခံရမယ့်အန္တရာယ် အလွန်အမင်း မြင့်တက်လာနေတယ်လို့ ဖော်ပြထားပါတယ်။

အရင်က ဟိန္ဒူနဲ့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့ တမီလ်လူမျိုးတွေဟာ တမီလ်ကျားသူပုန်ခေါင်းစဉ်နဲ့ သီရိလင်္ကာအစိုးရရဲ့ တရားလက်လွတ်ဖမ်းဆီး နှိပ်စက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ခံစားခဲ့ရပြီး အီစတာနေ့ ဗုံးကွဲမှုအပြီးမှာတော့ အစ္စလာမ်ဘာသာဝင်တွေပါ ဒီဒဏ်ကို ခံစားလာခဲ့ရပါတယ်။

Ref: Aljazeera



Tags:

Comments are closed.