ဇွန် ၂၄၊ ၂၀၁၉
M-Media
-မိမိတို့ ကွန်ပျူတာကွန်ယက်တွေအပေါ် အမေရိကန်က ပြုလုပ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ မအောင်မြင်ခဲ့ဘဲ ဘယ်လိုထိခိုက်မှုးမျိုးမှ မရှိခဲ့ဘူးလို့ အီရန်နိုင်ငံက ပြောကြားလိုက်ပါတယ်။
ပိုက်နက်ကျော်လာတဲ့ အမေရိကန် ထောက်လှမ်းရေး ဒရုန်းတစ်စင်းကို အီရန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ပစ်ချခဲ့ပြီးတဲ့နောက် အီရန်ရဲ့ ဒုံးကျည်ထိန်းချုပ်ရေးစနစ်တွေ၊ သူလျှို ကွန်ပျူတာ ကွန်ယက်တွေကို ကြာသာပတေးနေ့က အမေရိကန်က ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အီရန် ပြန်ကြားရေးနဲ့ သတင်းအချက်အလက်ဝန်ကြီး မိုဟာမက် ဂျာဗဒ် အေဇာရီ ဂျာရိုမီက တိုက်ခိုက်မှု မအောင်မြင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
“သူတို့ ကြိုးစားခဲ့ကြပေမယ့် အောင်မြင်တဲ့တိုက်ခိုက်မျိုးဖြစ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး”
အီရန်ဟာ ဆိုက်ဘာအကြမ်းဖက်မှုဒဏ်ကို အချိန်အတော်ကြာကတည်းက ခံစားခဲ့ရပြီး ပြီးခဲ့တဲ့တစ်နှစ်တည်းမှာပဲ တိုက်ခိုက်မှုပေါင်း ၃၃ သန်းလောက်ကို နိုင်ငံရဲ့ Firewall စနစ်က ကာကွယ်နိုင်ခဲ့တယ်လို့ ဂျာရိုမီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နေ နှုတ်ထွက်ကြောင်း အမေရိကန်က ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက်ပိုင်း အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး အမေရိကန်က ပင်လယ်ကွေ့ဒေသမှာ စစ်အင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အီရန်က အမေရိကန်ရဲ့ RQ-4A global Hawk ဒရုန်းလေယာဉ်ကို ပစ်ချခဲ့ပြီးတဲ့နောက် တင်းမာမှုက အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ ဒီကိစ္စကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်မှာရှိတဲ့ ပစ်မှတ်တစ်ချို့ကို တိုက်ခိုက်ဖို့ ထရမ့်က ပြီးခဲ့တဲ့တစ်ပတ်မှာ အမိန့်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုဟာ အီရန်နဲ့တင်းမာမှုကို လျှော့ချနိုင်ရးအတွက် ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့ကို သွားရောက်ညှိနှိုင်းဖို့ ရှိနေပါတယ်။
Ref: Aljazeera
Comments