6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၊ ၂၀၁၉
M-Media

-၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ပါ ပြည့်ဝယူရေနီယံကန့်သတ်ချက်ကို ကျော်လွန်သွားတာဟာ မီးနဲ့ ကစားနေတာဖြစ်တယ်လို့ အီရန်ကို အမေရိကန်က သတိပေးလိုက်ပါတယ်။

အီရန်က မိမိတို့မှာရှိနေတဲ့ ပြည့်ဝ ယူရေနီယံ ပမာဏဟာ စာချုပ်ပါ ကန့်သတ်ချက် ၃၀၀ ကီလိုဂရမ်ထက် ကျော်လွန်သွားပြီလို့ မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ဒီလိုဆောင်ရွက်တာဟာ စာချုပ်ကို ဖောက်ဖျက်တာမဟုတ်ဘဲ အမေရိကန် စာချုပ်က နှုတ်ထွက်သွားမှုအတွက် ဘောင်အတွင်းက တုန့်ပြန်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ အနုမြူစွမ်းအင်အဖွဲ့ IAEA ကလည်း အီရန်အနေနဲ့ စာချုပ်ပါ ပြည့်ဝယူရေနီယံ ကန့်သတ်ချက်ကို ကျော်လွန်ပိုင်ဆိုင်နေပြီလို့ အတည်ပြုခဲ့ပါတယ်။

ထရမ့်ကတော့ အီရန်ကို သတိပေးခဲ့ပါတယ်။

“အီရန်အတွက် ဘာသတင်းစကားမှ မပေးချင်ပါဘူး။ သူတို့ဘာလုပ်နေတယ်ဆိုတာကို သူတို့ဟာသူတို့ သိမှာပေါ့။ သူတို့ ဘာနဲ့ ကစားနေလဲဆိုတာလည်း သူတို့ဟာသူတို့ သိမှာပါ။ သူတို့ မီးနဲ့ကစားနေတာ။ ဒါ့ကြောင့် အီရန်ကို ဘာသတင်းစကားမှ မပေးချင်ဘူး”

အိမ်ဖြူတော်က အီရန်ခေါင်းဆောင်တွေ လမ်းကြောင်းပြောင်းလာဖို့အတွက် အမြင့်ဆုံးဖိအားတွေ ဆက်ပေးသွားမှာဖြစ်ပြီး၊ အီရန်ရဲ့ ယူရေနီယံ သန့်စင်မှုလုပ်ငန်းတွေအားလုံးကို ရပ်တန့်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နေ နှုတ်ထွက်ကြောင်း အမေရိကန်က ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ အီရန်က အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားရေး စာချုပ်ပါ အခြားနိုင်ငံတွေက ကူညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့ပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဥရောပသမဂ္ဂ၊ ယူကေတို့အပါအ၀င် စာချုပ်ပါ နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အီရန်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောခဲ့ခြင်း မရှိပါဘူး။

Ref: Aljazeera

Tags: ,

Comments are closed.