6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၊ ၂၀၁၉
M-Media

အိန္ဒိယ ရေတပ်သင်္ဘောတစ်စီး

-ဒုံးကျည်ပစ်နိုင်မယ့် တိုက်သင်္ဘောတွေနဲ့ အခြား ရေတပ်တင်သင်္ဘောတွေ အများအပြား ၀ယ်ယူဖို့အတွက် အိန္ဒိယအစိုးရက တနင်္လာနေ့မှာ တင်ဒါခေါ်လိုက်ပြီး ဒါဟာ တရုတ်ကို ယှဉ်ပြိုင်နိုင်ရေး အိန္ဒိယရဲ့ ရေတပ်အင်အား တိုးချဲ့မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒုံးကျည်ပစ်နိုင်မယ့် တိုက်သင်္ဘော ၆ စီး၊ ကမ်းခြေစောင့် အမြန်ရေယာဉ် ၈ စီး၊ ရေပေါ်ရှပ်ပြေးရေယာဉ် ၁၂ စီး၊ လက်နက်ခဲယမ်းတင်နိုင်မယ့် ဘော်ယာ ၈ စီး အပါအ၀င် ရေတပ်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေအတွက် သင်္ဘောငယ်တွေ တည်ဆောက်ရေးအတွက် အဆိုပြုချက် တင်သွင်းဖို့ သင်္ဘောကျင်း ၇ ခုကို အကြောင်းကြားထားတယ်လို့ ဖော်ပြထားပါတယ်။ သင်္ဘောတည်ဆောက်မှု စုစုပေါင်း တန်ဖိုးဟာ ရူပီး ဘီလီယံ ၁၅၀ (ကန်ဒေါ်လာ ၂.၂ ဘီလီယံ) ရှိမှာ ဖြစ်ပါတယ်။

အိန္ဒိယဟာ ရေပိုင်နက်မှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပြီး မိုဒီအစိုးရက စစ်တပ်ခေတ်မီရေးအတွက် ကန်ဒေါ်လာ ဘီလီယံ ၂၅၀ အသုံးပြုမယ့် စီမံကိန်းတစ်ခုကို ချမှတ် အကောင်အထည် ဖော်နေပါတယ်။ တရုတ်ဟာ သူတို့ရဲ့ ရေနံတင်သင်္ဘောတွေ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အိန္ဒိယ သမုဒ္ဒရာကို စစ်သင်္ဘောတွေ စေလွှတ်ထားပါတယ်။

အခု သင်္ဘောတွေ ဆောက်လုပ်ဖို့အတွက် သင်္ဘောကျင်းတွေဟာ ရေတပ်၊ ကမ်းခြေစောင့်တပ် တာဝန်ရှိသူတွေနဲ့ လာရောက်ဆွေးနွေးရမှာ ဖြစ်ကြောင်း၊ နောက်ထပ် လအနည်းငယ်အတွင်း
စစ်သင်္ဘောတွေ ၀ယ်ယူမယ့် တင်ဒါလည်း ထွက်လာဖို့ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနဟာ စုစုပေါင်း ရူပီး ဘီလီယံ ၄၅၀ ရှိမယ့် ရေငုပ်သင်္ဘော ၆ စီး တည်ဆောက်ဖို့အတွက် တင်ဒါခေါ်ယူခဲ့ပါတယ်။

အိန္ဒိယရေတပ်မှာ လက်ရှိ ရေတပ်သင်္ဘောပေါင်း ၁၄၀ ရှိနေပြီး ၂၀၂၇ ခုနှစ်ရောက်ရင် အစီး ၂၀၀ ရှိရမယ်လို့ ရည်မှန်းထားပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတွေက လက်ရှိမှာ ၃၅ စင်းသာ ရှိသေးပြီး ၂၀၂၂ မှာ အစီး ၂၀၀ လောက်ရှိဖို့ အိန္ဒိယက စီစဉ်နေပါတယ်။

Ref: Bloomberg

Tags:

Comments are closed.