6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၇၊ ၂၀၁၉
M-Media

မဲခေါင်မြစ်ပေါ်တွင် ဆည်များ ဆောက်လုပ်ထားမှု

-မဲခေါင်မြစ်ညာမှာ တရုတ်က ဆည်တွေ အမြောက်အများ တည်ဆောက်ထားတာဟာ မြစ်အောက်ပိုင်းက အာဆီယံဒေသကို ပြန်ပေးဆွဲထားသလိုဖြစ်ပြီး အနာဂတ်မှာ အကြပ်ကိုင်ခံရနိုင်ချေတွေ ရှိနေတယ်လို့ ပညာရှင်တွေက သုံးသပ်ပြောကြားလိုက်ပါတယ်။

တီဘက်ကနေ စတင် စီးဆင်းလာတဲ့ မဲခေါင်မြစ်ဟာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကိုဖြတ်ပြီး ဗီယက်နမ်မှာ အဆုံးသတ်တာ ဖြစ်ပါတယ်။ အဲဒီ မြစ်ပေါ်မှာ တရုတ်က လက်ရှိ ဆည် ၁၁ ခု တည်ဆောက်ထားပြီး နောက်ထပ် ၈ ခု ဆက်ဆောက်ဖို့လည်း စီစဉ်ထားပါတယ်။

ဒါ့ကြောင့် တရုတ်ဟာ မဲခေါင်မြစ်ရေ စီဆင်းမှုကို ထိန်းချုပ်နိုင်တဲ့ အနေအထားကို ရောက်ရှိလာကာ မြစ်အောက်ပိုင်းက အရှေ့တောင်အာရှ နိုင်ငံတွေကို လိုသလို အကြပ်ကိုင်လာနိုင်တာကြောင့် မဲခေါင်မြစ်ဟာ တောင်တရုတ်ပင်လယ်လို နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အလွတ်တန်း လေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ Eugene Chow ရဲ့ ၂၀၁၇ ခုနှစ်က ဆောင်းပါးတစ်ခုမှာ မဲခေါင်မြစ်က တရုတ်ရဲ့ ဆည်တွေကို ‘လက်နက်မှန်း မသိရတဲ့ လက်နက်တွေ’ လို့ သမုတ်ခဲ့ပြီး ‘ကမ္ဘာ့လူဦးရေရဲ့ ၄ ပုံ ၁ ပုံကို သေနတ်တစ်ချက်မဖောက်ဘဲ ပြန်ပေးဆွဲထားမှု’ လို့ သုံးသပ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် မိုးခေါင်ရေရှားမှု ကြုံတွေ့တဲ့အခါ မဲခေါင်မြစ်ကရေလွှတ်ပေးဖို့ အာဆီယံနိုင်ငံတွေက တရုတ်ကို မေတ္တာရပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဒါမျိုးအခြေအနေတွေမှာ တရုတ်ဖက်က တစ်ခုခု ပြန်လည်တောင်းဆိုလာလိမ့်မယ်လို့ နယူးဒေလီအခြေစိုက် Center for Policy Research ပရော်ဖက်ဆာ Brahma Chellaney က သုံးသပ်ခဲ့ပါတယ်။

“နောက်တစ်ကြိမ်ဆို တရုတ်က တစ်ခုခု ပြန်တောင်းလိမ့်မယ်။ ရေမလုံမလောက်ဖြစ်နေတဲ့နိုင်ငံက ဒီတောင်းဆိုမှုကို ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် တရုတ်က ဆည်တွေကို လက်နက်အဖြစ် အသုံးပြုတာပါ။ မိုးခေါင်ရေရှားမှုတွေ ဆိုးဆိုးဝါးဝါးနဲ့ မကြာခဏ ဖြစ်လာတဲ့အချိန်မျိုးမှာ တရုတ်ရဲ့ ဆည်ကွန်ယက်တွေက မြစ်အောက်ပိုင်းနိုင်ငံတွေအပေါ် ပိုပြီး အနိုင်ကျင့်လို့ ကောင်းလာပါလိမ့်မယ်”

အခုနှစ်အစောပိုင်းမှာ တရုတ် Jinghong Dam ဆည်ရဲ့ ဂိတ်တံခါးတွေကို ပြုပြင်ဖို့ ရေတွေဖောက်ချတဲ့အချိန် ထိုင်းနဲ့ လာအိုတို့မှာ ရေတွေကြီးခဲ့ပြီး၊ ပြင်ပြီးလို့ ရေပြန်ဖြည့်လိုက်တဲ့အခါမှာလည်း အောက်ပိုင်းကို စီးဆင်းလာတဲ့ မဲခေါင်မြစ်ရေဟာ သိသိသာသာကိုလျော့သွားကာ အရှေ့တောင်အာရှနိုင်ငံတွေ ဒုက္ခတွေ့ခဲ့ပါတယ်။

ဆည်တွေကို လက်နက်အဖြစ် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်က ငြင်းပါတယ်။

ဗီယက်နမ်နဲ့ လာအို

တရုတ်က မဲခေါင်မြစ်ရေစီးဆင်းမှုကို ထိန်းချုပ်လိုက်ရင် အဓိကခံစားရမှာက မဲခေါင်မြစ်ကိုမှီကာ စိုက်ပျိုးရေးလုပ်နေတဲ့ ဗီယက်နမ်နိုင်ငံ ဖြစ်ပါတယ်။

ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဩဂုတ်လထုတ် National Defense ဂျာနယ်မှာ နိုင်ငံအတွင်း စားနပ်ရိက္ခာလုံလောက်အောင် လုပ်ဆောင်မှုကို အဓိက မဟာဗျူဟာကိစ္စတစ်ခုအဖြစ် ဖော်ပြထားပါတယ်။

တရုတ်နဲ့ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုကိစ္စမှာ ဗီယက်နမ်ဟာ တော်တော်လေးကို တင်းတင်းမာမာ ပြောဆိုတာမျိုးရှိပြီး၊ တရုတ်ကလည်း နောက်ပိုင်းမှာ မဲခေါင်မြစ်ရေနဲ့ ဗီယက်နမ်ကို အကြပ်ကိုင်လာဖို့ ရှိနေပါတယ်။

မဲခေါင်မြစ်ကို တရုတ်ရဲ့ ထိန်းချုပ်မှုကြောင့် သိသိသာသာ ဒုက္ခရောက်မယ့် နောက်ထပ်နိုင်ငံတစ်ခုက လာအိုဖြစ်ပါတယ်။

မဲခေါင်မြစ်ပေါ်မှာ ဆောက်လုပ်ထားတဲ့ ‌ဆည်တွေကနေ ဓာတ်အားထုတ်ရောင်းတာ၊ သတ္တုတင်ပို့တာတွေဟာ လာအိုရဲ့ အဓိက ဝင်ငွေရလမ်းဖြစ်ပြီး တရုတ်ကသာ မဲခေါင်မြစ်ရေကို ထိန်းချုပ်လိုက်ရင် လာအိုနိုင်ငံရဲ့ စီးပွားရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်မှာ ဖြစ်ပါတယ်။

ရေစစ်ပွဲ

ကျွမ်းကျင်သူတွေက မဲခေါင်မြစ်ကိစ္စကို တောင်တရုတ်ပင်လယ်ကိစ္စနဲ့ နှိုင်းယှဉ်ပြောဆိုကြပေမယ့် တကယ်တမ်း ‘ရေစစ်ပွဲ’ ဖြစ်လာတဲ့အခါမျိုးကျရင် တောင်တရုတ်ပင်လယ်မှာ အငြင်းပွားနေတာထက် ပိုပြီး ရှုပ်ထွေးလာမယ်လို့ သုံးသပ်ထားပါတယ်။

တောင်တရုတ်ပင်လယ်ကိစ္စမှာ ပိုင်နက်အငြင်းပွားမှုရှိနေပြီး မဲခေါင်မြစ်ကိစ္စမှာ ဒီလိုမဟုတ်တဲ့အတွက် တရုတ်ဖက်အခြမ်းက မဲခေါင်မြစ်ပေါ်မှာ ဘာလုပ်လုပ် နိုင်ငံတကာက ဝင်ရောက်စွက်ဖက်လို့မရပါဘူး။

မဲခေါင်မြစ်ကို မျှတစွာ စီမံခန့်ခွဲ အသုံးချရေးနဲ့ ပတ်သက်လို့ သဘောတူညီချက်တစ်ခု ရရှိအောင် အာဆီယံနိုင်ငံတွေက ၁၉၉၅ ခုနှစ်မှာ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မဲခေါင်မြစ်ကော်မရှင် (MRC) က မြစ်ပေါ်မှာ ဆည်ဆောက်မှုကို ၁၀ နှစ်ရပ်ဆိုင်းရေး ၂၀၁၀ ခုနှစ်မှာ အကြံပြုခဲ့ပေမယ့် ဗီယက်နမ်က လက်မခံဘဲ တရုတ်ရဲ့ ဖိအားပေးမှုကြောင့်ဖြစ်မယ်လို့ သုံးသပ်ရပါတယ်။

မဲခေါင်မြစ်ကို တရုတ်က ထိန်းချုပ်ထားမှု ပြဿနာဟာ ဒေသတွင်းတွင်မဟုတ်တော့ဘဲ ဒေသပြင်ပကိုပါ ရိုက်ခတ်လာပါတယ်။ အမေရိကန်ရဲ့ လုံခြုံရေးအကျိုးစီးပွားအတွက် အရေးပါတဲ့ တိုင်းပြည်တွေမှာ နောက်ထပ် ၁၀ နှစ်အတွင်း ရေပြဿနာပေါ်ကာ မတည်မငြိမ်ဖြစ်လာလိမ့်မယ်လို့ ၂၀၁၂ ခုနှစ်မှာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နောက်ထပ် ၇ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဟာ ဒီကိစ္စအတွက် ပိုပြီး အသံထုတ်လာပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက မဲခေါင်မြစ်ရေဟာ ၁၀ စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးကို ရောက်ရှိလာတယ်လို့ သတိပေးခဲ့ပါတယ်။

မဲခေါင်မြစ်ကိစ္စမှာ တရုတ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘယ်လိုထိန်းကြောင်းမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒေသတွင်း လျှပ်စစ်ကဏ္ဍအတွက် အမေရိကန်က ဂျပန်နဲ့ Japan-US Mekong Power Partnership စာချုပ် လက်မှတ်ရေးထိုးထားတာ၊ မဲခေါင်ဒေသတစ်ဝှမ်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနဲ့ တရားမဝင် ကုန်ကူးမှုတွေ တိုက်ဖျက်ရေး အမေရိကန်က ဒေါ်လာ ၁၄ သန်း ထောက်ပံ့ကူညီထားတာတွေတော့ ရှိနေပါတယ်။

တရုတ်ရဲ့ လွှမ်းမိုးမှုကို တုန့်ပြန်ရေး ရန်ပုံငွေ Countering Chinese Influence Fund ထားရှိ ဆောင်ရွက်မလားဆိုတာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လက အမေရိကန်လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီရန်ပုံငွေ အမှန်တကယ် ပေါ်လာမယ်ဆိုရင်တော့ မဲခေါင်မြစ်ရှိရာ အရှေ့တောင်အာရှနိုင်ငံတွေက ငွေကြေးတစ်ချို့ရရှိနိုင်မှာပါ။

မဲခေါင်မြစ်မှာ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ လုံခြုံရေးအစီအမံတွေ ဘယ်လောက်ပဲ လုပ်ဆောင်ထားပေမယ့် မဲခေါင်မြစ်ရေ အရှေ့တောင်အာရှဖက် မစီးနိုင်အောင် တရုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။

Ref: Asia Times

(Asia Times သတင်းဌာန၏ Water war risk rising on the Mekong ဆောင်းပါးမှ ကောက်နှုတ်ကာ ဆီလျော်အောင် ဘာသာပြန်ဆိုတင်ပြခြင်း ဖြစ်ပါသည်)

Comments are closed.