နိုဝင်ဘာ ၃၊ ၂၀၁၉
M-Media
-ဂျာမနီနိုင်ငံအရှေ့ပိုင်းက ဒရက်စ်ဒန်မြို့မှာ လက်ယာအစွန်းရောက်အတွေးအခေါ်တွေ၊ လှုပ်ရှားမှုတွေ အအကြမ်းဖက်မှုတွေ လွန်အမင်း မြင့်တက်လာတာကြောင့် ဒေသအာဏာပိုင်တွေက မြို့ကို ‘နာဇီဝါဒအရေးပေါ်အခြေအနေ’ အဖြစ် ကြေငြာလိုက်ပါတယ်။
ဒရက်စ်ဒန်မြို့ဟာ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု Pegida အခြေပြုရာဒေသဖြစ်ပြီး လက်ယာစွန်းရောက်တွေ အပတ်စဉ် ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလက ဒေသန္တရရွေးကောက်ပွဲမှာလည်း ပြောင်းရွှေ့အခြေချမှုဆန့်ကျင်ရေးပါတီ AfD က ၂၈ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပါတယ်။
ဒရက်စ်ဒန်မြို့တော်ကောင်စီက ‘နာဇီဝါဒ အရေးပေါ်အခြေအနေ’ ကြေငြာရေး ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို မနေ့က အတည်ပြုလိုက်ပါတယ်။ မြို့တော်အတွင်းမှာ ဒီမိုကရက်တစ်ဆန့်ကျင်ရေး၊ ဗဟုဝါဒဆန့်ကျင်ရေး၊ လူမျိုးရေးခွဲခြားမှုဝါဒ၊ အကြမ်းဖက်မှုအထိ ဦးတည်လာတဲ့ လက်ယာစွန်းရောက်ဝါဒ စတာတွေနဲ့ စိုးရိမ်ဖွယ်ရာဖြစ်လာတယ်လို့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
ဒီမိုကရေစီယဉ်ကျေးမှု အားကောင်းစေရေး၊ လူနည်းစုကာကွယ်ရေး၊ လူ့အခွင့်အရေး၊ လက်ယာစွန်း အကြမ်းဖက်မှုတွေရဲ့ သားကောင်တွေကို ကာကွယ်ပေးရေး ဦးစားပေးဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်မှာ တိုက်တွန်းထားသလို၊ ဂျူးဆန့်ကျင်ရေးဝါဒ၊ လူမျိုးရေးခွဲခြားမှုနဲ့ အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး အထူးအလေးထား ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒရက်စ်ဒန်မြို့ရှိတဲ့ ဂျာမနီအရှေ့ပိုင်းဟာ လက်ယာပါတီ AfD အားကောင်းပြီး လူမျိုးခြားကြောက်ရောဂါ၊ လူမျိုးရေးအခြေပြု အမုန်းရာဇဝတ်မှုတွေ အများအပြားဖြစ်ပွားရာ နေရာလည်း ဖြစ်ပါတယ်။
Ref: Aljazeera
Comments