မတ် ၁၈၊ ၂၀၂၀
M-Media
ယူရို ၂၀၂၀ ကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်း
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခုနှစ် ဇွန်လ ၁၂ ရက်နေ့ကနေ ဇူလိုင် ၁၂ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင် ၁၁ ရက်နေ့အထိကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ပြောကြားလိုက်ပါတယ်။ ဒါဟာ လက်ရှိ ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် ရပ်ဆိုင်းထားရတဲ့ ဥရောပ အမှတ်ပေးပြိုင်ပွဲတွေ ပြီးဆုံးနိုင်အောင် အချိန်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ၂၀၂၁ ခုနှစ် အင်္ဂလန်နိုင်ငံမှာ ကျင်းပမယ့် ယူရိုအမျိုးသမီးဘောလုံးပြိုင်ပွဲနဲ့ သွားတိုက်နေမှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်တွင် ကိုရိုနာကူးစက်သည့်ကစားသမား ၂ ဦး ဖြစ်လာ
ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်လူ ဘာလိုင်စီ မာတွီဒီဟာ COVID-19 ကူးစက်ခံနေရတယ်လို့ အသင်းက အတည်ပြုလိုက်ပြီး နောက်ခံအလယ်လူ ဒန်နီယဲလ် ရူဂါနီပြီးတဲ့နောက် ကူးစက်ခံရတဲ့ ဒုတိယမြောက် ဂျူဗီကစားသမား ဖြစ်လာပါတယ်။ မာတွီဒီဟာ မတ်လ ၁၁ ရက်နေ့ကတည်းစလို့ သီးသန့်နေထိုင်နေပြီး အခြေအနေ ကောင်းမွန်နေတယ်လို့လည်း ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ထားပါတယ်။ COVID-19 ဗိုင်းရပ်စ်ကြောင့် စီးရီးအေ ဘောလုံးပြိုင်ပွဲကို ရပ်ဆိုင်းထားပါတယ်။
မန်စီးတီး ပရိတ်သတ်တစ်ဦး လူမျိုးရေးခွဲခြားမှုဖြင့် တရားရင်ဆိုင်ရမည်
ဒီဇင်ဘာ ၇ ရက်နေ့က အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ မန်ယူကွင်းလယ်လူ ဖရဒ်ကို မျောက်ပုံစံလုပ်ပြကာ လူမျိုးရေး ခွဲခြားစော်ကားခဲ့တဲ့ မန်စီးတီးကွင်းလယ်လူတစ်ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။ အဲဒီပွဲမှာ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး လူမျိုးရေး ခွဲခြားစော်ကားခဲ့သူကတော့ အသက် ၄၁ နှစ်အရွယ် အန်သိုနီ ဘာကီဖြစ်ပါတယ်။ သူဟာ ဧပြီလ ၁၅ ရက်နေ့မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ကိုရိုနာကြောင့် ဂျွန်အိုဘီလ် မီခေးလ် အသင်းနှင့် လမ်းခွဲ
ချယ်ဆီးအသင်း ကွင်းလယ်ကစားသမားဟောင်းဖြစ်ပြီး လက်ရှိ တူရကီကစူပါလိဂ်ကလပ် Trabzonspor မှာ ကစားနေတဲ့ ဂျွန်အိုဘီလ် မီခေးလ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကိစ္စကြောင့် အသင်းနဲ့ လမ်းခွဲလိုက်ပါတယ်။ ဗိုင်းရပ်စ်ပြန့်နှံ့နေတာကြောင့် ဘောလုံးကစားဖို့ အဆင်မပြေဘူးလို့ ဆိုရှယ်မီဒီယာမှာ မီခေးလ်က ရေးသားခဲ့ပြီးတဲ့နောက် နှစ်ဖက်သဘောတူညီမှုနဲ့ ဒီလို လမ်းခွဲလိုက်ကြတာ ဖြစ်ပါတယ်။ မီခေးလ်ဟာ အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ထားတာပါ။
Ref: BBC
#mmFootballNews
Comments