မတ် ၂၁၊ ၂၀၂၀
M-Media
-COVID-19 ကြောင့် စင်ကာပူနိုင်ငံမှာ ဒီကနေ့ လူ ၂ ဦး သေဆုံးခဲ့ပြီး ဒါဟာ ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။
သေဆုံးသွားသူ အသက် ၇၅ နှစ်အရွယ် စင်ကာပူနိုင်ငံသား အမျိုးသမီးမှာ နာတာရှည် နှလုံးရောဂါနဲ့ သွေးတိုးရောဂါတို့ရှိပြီး မကြာသေးခင် ဗိုင်းရပ်စ်ပြန့်နှံ့ရာ ဒေသတွေကို သွားရောက်ခဲ့သူဖြစ်ပါတယ်။ အခြားတစ်ဦးက အသက် ၆၄ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပြီး နှလုံးရောဂါအခံရှိသူပါ။ မတ်လ ၁၃ ရက်နေ့က စင်ကာပူနိုင်ငံကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် ဆေးရုံတင်လိုက်ရတာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီး ဂန်ကင်ယုံက ဒီသတင်းကြောင့် စင်ကာပူနိုင်ငံသားတွေ စိတ်သောကရောက်ကြမယ်ဆိုတာ သိပေမယ့် ကြောက်ရွံ့မှုကို နေရာပေးစရာ မလိုဘူးလို့ ပြောကြာခဲ့ပါတယ်။
စင်ကာပူမှာ COVID-19 ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၃၈၅ ဦးရှိပြီး အဲဒီအထဲက ၁၃၁ ဦးဟာ ဗိုင်းရပ်စ်ပျောက်ကင်းကာ ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပါတယ်။
Ref : CNA
Comments