မတ် ၂၁၊ ၂၀၂၀
M-Media
-နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေနဲ့ အစ္စလာမ်ဘာသာရေးအဆောက်အဦးတွေကို မတ်လ ၂၁ ရက်နေ့က စတင်ကာ ၂ ပတ်ကြာ ပိတ်ထားမယ်လို့ အီဂျစ်အစိုးရက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။
အီဂျစ်မှာ COVID-19 ကူးစက်နေသူ ၃၀၀ နီးပါး ရှိနေပြီး သေဆုံးသူက ၈ ဦး ရှိနေပါတယ်။ ကမ္ဘာ့အစောဆုံး ဗလီတွေထဲကတစ်ခုဖြစ်တဲ့ အလ်-အဇ်ဟာရ်ဗလီကို ယာယီပိတ်ထားမယ်လို့ မနေ့မှာ ကြေငြာခဲ့ပြီး နိုင်ငံတစ်ဝှမ်း တစ်ခြား ဗလီတွေကို ပိတ်ထားဖို့ မလုပ်ဆောင်တဲ့အတွက် အစိုးရကို ပြည်သူတွေက ဝေဖန်ခဲ့ကြပါတယ်။
ဗလီတွေပိတ်တာအပြင် သောကြာနေ့နဲ့ အခြား လူစုလူဝေး ဝတ်ပြုဆုတောင်းမှုတွေအားလုံးကိုလည်း အစိုးရက ယာယီ တားမြစ်လိုက်ပါတယ်။ ဗလီတွေမှာ နေ့စဉ် အာဇန် နိဗ္ဗာန်ဆော်မှု ပြုလုပ်သွားမှာဖြစ်ပြီး ‘အိမ်မှာပဲဝတ်ပြုကြပါ’ ဆိုတဲ့ စကားလုံးကို ထည့်သွင်းသွားမယ်လို့ အီဂျစ်သာသနာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွန်ခဲ့ ၆ ရက်က အလ်-အဇ်ဟာရ် အစ္စလာမ်တက္ကသိုလ်ရဲ့ မွဖ်သီ အီမာမ် ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်က ဖသ်ဝါ ဓမ္မသတ်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကျန်းမာရေးပြဿနာ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရတဲ့ ဒီလိုအခိုက်အတန့်မှာ သောကြာနေ့ ဝတ်ပြုမှု၊ လူစုလူဝေးနဲ့ ဝတ်ပြုမှုတွေကို ယာယီ ရပ်ဆိုင်းထားနိုင်တယ်လို့ ဒီဓမ္မသတ်မှာ ဖော်ပြခဲ့ပါတယ်။
အီဂျစ် ကော့ပတစ်ခရစ်ယာန်အသင်းတော်ကလည်း နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဘုရားကျောင်းတွေကို နှစ်ပတ်တာပိတ်ကြောင်း သောကြာနေ့မှာ ကြေငြာခဲ့ပါတယ်။
Ref: Egypt Today
Comments