မတ် ၂၅၊ ၂၀၂၀
M-Media
-COVID-19 ပြန့်နှံ့မယ့်အန္တရာယ်ကို စိုးရိမ်ရတာကြောင့် မတ်လ ၂၅ ရက်နေ့ကစပြီး နိုင်ငံကို ၂၁ ရက်ကြာ တံခါးပိတ်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက မနေ့မှာ ကြေငြာလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ လူဦးရေ သန်း ၁၃၀၀ ကျော် ရှိနေတာပါ။ နိုင်ငံကို တံခါးပိတ်မှာကြောင့် ကျောင်းတွေ၊ ရုံးတွေ၊ စျေးဆိုင်တွေအားလုံး ပိတ်ရတော့မှာ ဖြစ်သလို၊ လူစုလူဝေးလုပ်တာကို တားမြစ်တာ၊ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်တာတွေလည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မိုဒီက ဒီလိုသာ ၂၁ ရက် တံခါးပိတ်တာမျိုး မဆောင်ရွက်ရင် တိုင်ပြည်ဟာနောက်ထပ် နှစ်ပေါင်း ၂၀ လောက် နောက်ပြန်ရောက်သွားမယ်လို့ မနေ့က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယမှာ လက်ရှိ ကူးစက်သူ ၄၈၂ ဦးတွေ့ရှိထားပြီး သေဆုံးသူ ၉ ဦး ရှိနေပါတယ်။ ကျွမ်းကျင်သူတွေကတော့ အိန္ဒိယပြည်သူ ၁ သန်းကျော်လောက် ကူးစက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တိုင်းပြည်ကို တံခါးပိတ်လိုက်တာကြောင့် အခြေခံစားသောက်ကုန်တွေ အလုအယက်ဝယ်ကြတာတွေလည်း နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပေါ်နေပါတယ်။
Ref: CNA
Comments