ဧပြီ ၃၊ ၂၀၂၀
M-Media
-တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းက ရှန်ကျန်းမြို့ အစိုးရဟာ ကြောင်သားနဲ့ ခွေးသားစားသုံးမှု ပိတ်ပင်တဲ့ အမိန့်တစ်ရပ် မနေ့မှာ ထုတ်ပြန်လိုက်ပြီး ဒါဟာ တရုတ်နိုင်ငံအတွင်း ပထမဆုံး ပိတ်ပင်မှုလည်း ဖြစ်ပါတယ်။
အိမ်မွေးတိရစ္ဆာန်တွေစားသုံးမှုကို တားမြစ်တဲ့ အဲဒီအမိန့်ဟာ မေလ ၁ ရက်နေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အိမ်မွေးတိရစ္ဆာန်တွေ၊ တောရိုင်းတိရစ္ဆာန်တွေကို အစားအစာနဲ့ ဆေးဖော်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုေလ့ရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ တောရိုင်းတိရစ္ဆာန် စားသုံးမှုကနေ ကူးစက်ပြန့်နှံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် တရုတ်အစိုးရဟာ ဖေဖော်ဝါရီလမှာ တောရိုင်းတိရစ္ဆာန် စားသုံးမှု၊ ရောင်းဝယ်ဖောက်ကားမှုကို ပိတ်ပင်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းခဲ့ပါတယ်။
အခု ရှန်ကျန်းမြို့မှာတော့ တောရိုင်းတိရစ္ဆာန်၊ မျိုးသုဉ်းတော့မယ့် တိရစ္ဆာန်တွေ စားသုံးမှုအပြင်၊ အိမ်မွေးတိရစ္ဆာန်တွေ စားသုံးမှုကိုပါ ပိတ်ပင်လိုက်တာပါ။
၂၀၀၃ ခုနှစ်တုန်းကလည်း ကတိုးကြောင် စားသုံးမှု၊ ရောင်းဝယ်ဖောက်ကားမှုကို တရုတ်အစိုးရက ပိတ်ပင်ခဲ့ပြီး ဆားစ်ရောဂါသယ်ဆောင်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့်ဖြစ်ပါတယ်။
Ref: CNN
Comments