ဧပြီ ၅၊ ၂၀၂၀
M-Media
-လာမယ့်နှစ်ပတ်ဟာကာလဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးကာလ ဖြစ်လာမှာဖြစ်ပြီး သေဆုံးမှုတွေ ပိုမို တွေ့လာရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုင်းပြည်ကို မနေ့မှာ သတိပေးလိုက်ပါတယ်။
အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၃ သိန်းကျော်လာကာ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်လာတာပါ။ သေဆုံးသူကလည်း ၈ ထောင်ကျော်လာကာ အဲဒီအထဲက ၃၅၀၀ ကျော်ဟာ နယူးယောက်ပြည်နယ်က ဖြစ်ပြီး ဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့ ဒေသ ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရဟာ အသက်ရှူစက်တွေ လုံလုံလောက်လောက် ပို့မပေးဘူးဆိုတဲ့ ဝေဖန်မှုကိုတွေ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပယ်ချခဲ့ပြီး တစ်ချို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ လိုအပ်တာထက် ပိုတောင်းနေကြတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
“သေဆုံးမှုတွေ ထပ်လာပါအုံးမယ်။ သိပ်ကို ကြမ်းတမ်းခက်ခဲမယ့်ကာလကို ကျွန်တော်တို့ ကြုံရတော့မှာပါ။ ဒီလောက် အရေအတွက်များများစားစားသေဆုံးတာ ဘယ်တုန်းကမှ ကျွန်တော်တို့ မမြင်ဘူးခဲ့ပါဘူး။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်လို စစ်ပွဲမျိုးမှာေတာ့ ရှိချင်ရှိမှာပေါ့”
အိမ်ဖြူတော်က ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြည်သူတွေဟာ လှုပ်ရှားသွားလာမှု ကန့်သတ်မိန်ကို လိုက်နာတယ်ဆိုရင်တောင် အနည်းဆုံး လူ တစ်သိန်းကနေ နှစ်သိန်းလေးသောင်းကြား သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
Ref: CNA
Comments