ဧပြီ ၆၊ ၂၀၂၀
M-Media
-အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ တိရစ္ဆာန်ရုံတစ်ရုံက အသက် ၄ နှစ်အရွယ် ကျားတစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း တွေ့ခဲ့ရပြီး ဒါဟာ လူသားကနေ တိရစ္ဆာန်ကို ပထမဆုံး ကူးစက်မှု ဖြစ်နိုင်တယ်လိုံ တာဝန်ရှိသူတွေက ပြောကြားလိုက္ပါတယ္။
Bronx Zoo က အဲဒီကျားဟာ နာဒီယာလို့ အမည်ရပြီး Malayan အမျိုးအစား ဖြစ်ပါတယ်။ နာဒီယာနဲ့အတူ အခြား ကျား ၃ ကောင်နဲ့ အာဖရိကခြင်္သေ့ ၃ ကောင္တို့မှာပါ COVID-19 ကူးစက်နေကြောင်း တွေ့ခဲ့ရပြီး အိုင်အိုဝါမြို့က ‘အမျိုးသား တိရစ္ဆာန် စောင့်ကြည့်ကာကွယ်ရေးဆိုင်ရာ ဓာတ်ခွဲခန်း’ က ကူးစက်မှုကို အတည်ပြုထားတယ်လို့ တိရစ္ဆန်ရုံက ထုတ်ပြန်ထားပါတယ်။
ရောဂါလက္ခဏာမပြတဲ့ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးနဲ့ ထိတွေ့ပြီးနောက်ပိုင်း ကျား ၇ ကောင်စလုံးဟာ မတ်လနှောင်းပိုင်းကတည်းက ချောင်းခြောက်ဆိုးတာလို ရောဂါလက္ခဏာတွေ ပြသခဲ့တာပါ။
“လူတစ်ယောက်က တိရစ္ဆာန်ကို ကူးစက်ပြီး နေမကောင်းဖြစ်လာတာဟာ ကျွန်တော်တို့ သိထားသလောက် ကမ္ဘာပေါ်မှာ ဒါက ပထမဆုံးပါ” လို့ Bronx Zoo က တိရစ္ဆာန်ဆရာဝန်ချုပ် ပေါလ်ကာလီက ပြောကြားခဲ့ပါတယ်။
ဒီကိစ္စက တွေ့ရှိချက်တွေကို အခြား တိရစ္ဆာန်ရုံတွေ၊ COVID-19 ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်ပြီး လေ့လာနေတဲ့ အဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဗိုင်းရပ်စ်ဟာ ကျားနဲ့ ခြင်္သေ့တွေမှာ ဘယ်လို ပြန့်ပွားမလဲဆိုတာ မသိရသေးဘဲ လက်ရှိမှာ ၇ ကောင်စလုံးကို သီးခြားခွဲထားကြောင်း၊ ပါးစပ်ပျက်တာကလွဲလို့ ၇ ကောင်စလုံးဟာ အားလုံးကောင်းမွန်နေပြီး မြန်မြန်ဆန်ဆန် ပြန်ကောင်းလာမယ်လို့ မျှော်လင့်ကြောင်း တိရစ္ဆာန်ရုံက ထုတ်ပြန်ထားပါတယ်။
Ref: BBC
Comments