ဧပြီ ၇၊ ၂၀၂၀
M-Media
-ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို ထိထိရောက်ရောက် တားဆီးဟန့်တားနိုင်ဖို့အတွက် ဂျပန်က ပြည်နယ်တစ်ချို့မှာ ဒီကနေ့ အရေးပေါ်အခြအနေ ကြေငြာလိုက်ပါတယ်။
မြို့တော်တိုကျို၊ အိုဆာကာမြို့နဲ့ အခြား ပြည်နယ် ၆ ခုမှာဖြစ်ပြီး တစ်လတာကြာမြင့်မယ့် အဲဒီ အရေးပေါ်အခြေအနေဟာ ဂျပန်ပြည်သူ ၄၄ ရာခိုင်နှုန်းအပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံနေမှုက ပြည်သူလူထုရဲ့ဘ၀နဲ့ တိုင်းပြည်စီးပွားရေးအပေါ် ကြီးကြီးမားမား ရိုက်ခတ်မှု ရှိတာကြောင့် ဒီလို အရေးပေါ်အခြေအနေ ကြေငြာဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် အာဘေးက လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။
အာဘေးအစိုးရဟာ တိုင်းပြည်စီးပွားရေးကို ကျားကန်ဖို့အတွက် ဂျပန်ယန်း ၁၀၈ ထရီလီယံ (ဒေါ်လာ ဘီလီယံ ၉၀၀) တန်ဖိုးရှိတဲ့ အစီအစဉ်တစ်ခုကိုလည်း ကြေငြာခဲ့ပါတယ်။
ဂျပန်မှာ ဧပြီလ ၆ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၀၀၀ ကျော်လာကာ သေဆုံးကတော့ ၉၃ ဦး ရှိပါတယ်။
Ref: CNA
Comments