ဧပြီ ၃၀၊ ၂၀၂၀
M-Media
-ဖိလစ်ပိုင်နိုင်ငံရဲ့ Covid-19 တိုက်ဖျက်ရေးလုပ်ငန်းမှာ အထောက်အကူဖြစ်စေဖို့အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ဆေးဘက်ဆိုက်ရာ ပစ္စည်းတွေကို မနေ့က ပေးပို့လှူဒါန်းခဲ့ပါတယ်။
လှူဒါန်းခဲ့တဲ့ ဆေးဝါးတန်ချိန်ဟာ မက်ထရစ်တန် ၇ တန်ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်နှံ့တဲ့ အချိန်ကတည်းက ယူအေအီးဟာ နိုင်ငံပေါင်း ၃၂ နိုင်ငံကို ဆေးဝါးအထောက်အကူပစ္စည်း စုစုပေါင်း တန်ချိန် ၃၃၄ တန် လှူဒါန်းထားပြီး၊ ကျန်းမာရေးဝန်ထမ်း ၃၃၄၀၀၀ ကိုလည်း ကူညီဖို့ စေလွှတ်ခဲ့ပါတယ်။
ဖိလစ်ပိုင်ဆိုင်ရာ ယူအေအီးသံအမတ် ဟာမဒ် စအစ် ဟာမဒ် အိုဘိုက် အလ်ဇာဘီက နှစ်နိုင်ငံ ဆက်ဆံရေး နက်ရှိုင်းမှုနဲ့အတူ ဒီလို ကူညီတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“အရေးပါတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဒီလို ကူညီထောက်ပံ့မှုနဲ့အတူ ဖိလစ်ပိုင်အပေါ် ယူအေအီးရဲ့ ကမ်းလက်တွေကို ခိုင်မာစေလိုက်တာပါ။ ကျွန်တော်တို့ နှစ်နိုင်ငံဟာ အစိုးရတွေနဲ့ ပြည်သူလူထုကြားမှာပါ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ ဒီလှူဒါန်းမှုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ Covid-19 တိုက်ဖျက်ရေးမှာ လိုအပ်တာတွေ ဆောင်ရွက်နိုင်ရေး အထောက်အကူ ဖြစ်စေနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”
Covid-19 ဒဏ်ကို ခံစားနေရတဲ့ တိုင်းပြည်တွေနဲ့အတူ ယူအေအီးဟာ တစ်သားတည်း ရပ်တည်သွားမယ်လို့လည်း သံအမတ် အလ်ဇာဘီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
Ref: Gulf News
Comments