မေ ၃၊ ၂၀၂၀
M-Media
-တူရကီက ချို့တဲ့သူတွေကို ရမ်ဇာဥပုသ်လအတွင်း အစားအသောက်တွေ ဝေငှ လှူဒါန်းနိုင်ဖို့အတွက် အာဆင်နယ်ကွင်းလယ်လူ မီဆု အိုဇေးလ်က ပေါင် ၈ သောင်း လှူဒါန်းခဲ့ပါတယ်။
လူပေါင်း ၁၆၀၀၀ ကို အစားအသောက်တွေ ကျွေးမွေးနိုင်မယ့် အဲဒီငွေကြေးကို အိုဇေးလ်ဟာ တူရကီ လခြမ်းနီအဖွဲ့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
“ညီအစ်ကို မီဆုကို ကျေးဇူးတင်ပါတယ်။ လိုအပ်နေသူတွေကို ကျွန်တော်တို့ အစားအသောက်တွေ ဝေပေးနိုင်တော့မှာပါ” လို့ တူရကီ လခြမ်းနီအဖွဲ့ တာဝန်ရှိသူ ကီရင်မ် ကီနစ်က ပြောကြားခဲ့ပါတယ်။
လခြမ်းနီအဖွဲ့ဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံး လူတွေကို ကူညီနိုင်အောင် ပြင်ဆင်ထားရပြီး၊ ပရဟိတ လုပ်ငန်းတွေအတွက် လှူဒါန်းကူညီသူ အားလုံးကို ကျေးဇူးတင်တယ်လို့လည်း ကီနစ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
တူရကီနွယ်ဖွားဖြစ်ပြီး ဂျာမနီလက်ရွေးစင်ကစားသမားတစ်ဦးဖြစ်တဲ့ အိုဇေးလ်ဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှတိုက်က လိုအပ်နေသူတွေအတွက် မကြာခဏ ကူညီလှူဒါန်းသူတစ်ဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လအတွင်း အိုဇေးလ်ဟာ မြန်မာနိုင်ငံက ခွဲစိပ်ကုသဖို့ လိုအပ်နေတဲ့ ကလေးငယ် ၄၀ အတွက် ငွေကြေး ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
Ref: Daily Mail
Comments