မေ ၇၊ ၂၀၂၀
M-Media
-အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၄၀၀ လောက် ဆေးရုံတင်ပို့ခဲ့ရပါတယ်။
အန်ဒရာပရာဒက်ရှ်ပြည်နယ် ဗစ္စခါပတ်နမ်ခရိုင်က ဓာတ်တုစက်ရုံကနေ ဒီနေ့မနက် အစောပိုင်းမှာ စတိုင်ရင်းဓာတ်ငွေ့တွေ ယိုစိမ့်ခဲ့တာပါ။ Covid-19 ပြန့်နှံ့မှုကြောင့် ရွေ့လျားသွားလာမှု ကန့်သတ်ချက် ထုတ်ပြန်ထားမှုကို လျှော့ချခဲ့တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စက်ရုံကို ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ငွေ့ယိုစမ့်မှုကြောင့် စက်ရုံအနီးအနား ရွာတွေက လူပေါင်း ၁၅၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။ ဓာတ်ငွေ့ရှုရှိုက်မိခဲ့တဲ့ လူ ၃၀၀ ကနေ ၄၀၀ လောက်ကို ဆေးရုံတင်ပို့ခဲ့ရပြီး အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
စက်ရုံကို ပိုင်ဆိုင်တဲ့ တောင်ကိုရီးယား ဘထ္ထရီထုတ်ကုမ္ပဏီ LG Chemical Ltd က ယိုစိမ့်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
ထိခိုက်ခံစားရသူတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးဖို့ သဘာ၀ဘေးအန္တရာယ် တုန့်ပြန်မှုအဖွဲ့ကို အမိန့်ပေးထားတယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments