မေ ၂၆၊ ၂၀၂၀
M-Media
-Covid-19 ကူးစက်မှု ကျဆင်းတဲ့ နိုင်ငံတွေမှာ ဒုတိယအကြိမ် အဆိုးဆုံးအနေအထားရောက်မယ့် အန္တရာယ် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပြီး တားဆီးထိန်းချုပ်မှု လုပ်ငန်းတွေ ပိုမို ဖိဖိစီးစီး ဆောင်ရွက်ဖို့အတွက်လည်း တိုက်တွန်းလိုက်ပါတယ်။
ကိုဗစ်ကူးစက်မှု သေဆုံးမှု အရေအတွက် သိသိသာသာ ကျဆင်းလာတာကြောင့် ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် ဥရောပနဲ့ အမေရိကနိုင်ငံတွေဟာ ရွေ့လျားသွားလာမှု ကန့်သတ်ချက်တွေကို လျော့ပေါ့ပေးဖို့ ပြင်ဆင်နေတာပါ။
WHO အရေးပေါ်ဆိုင်ရာ အကြီးအကဲ ဒေါက်တာ မိုက်ရိုင်ယန်က အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်း၊ တောင်အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ကူးစက်မှုအရေအတွက် မြင့်တက်လာတာကို ထောက်ပြခဲ့ပါတယ်။
ကူးစက်မှုဟာ လှိုင်းလုံးလို လာတတ်ပြီး လက်ရှိ ကူးစက်မှုအရေအတွက် ကျဆင်းနေတဲ့ တိုင်းပြည်တွေမှာ ကန့်သတ်မှုတွေကို လျော့ချလိုက်ရင် အခုနှစ်နှောင်းပိုင်းမှာ ဒုတိယအဆိုးဆုံးအနေအထားကို ကြုံတွေ့လာရနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
“ရောဂါပြန့်ပွားမှုဟာ ဘယ်အချိန်မှာမဆို မြင့်တက်နိုင်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ သိထားဖို့ လိုအပ်ပါတယ်။ ကူးစက်မှုနည်းလာတာကြောင့် ရောဂါဖြစ်ပွားမှု ကျဆင်းနေပြီဆိုပြီး မှတ်ယူလို့ မရပါဘူး။ ဒုတိယလှိုင်းလုံးအတွက် ပြင်ဆင်ဖို့ လအနည်းငယ် ကျန်နေသေးတယ်။ ဒီလှိုင်လုံးမှာ ဒုတိယအဆိုးဆုံးကာလကို ကျွန်တော်တို့ တွေ့လာရနိုင်ပါတယ်”
ဥရောပ၊ အမေရိကနိုင်ငံတစ်ချို့ဟာ ရွေ့လျားသွားလာမှု ကန့်သတ်ချက်ကို တစ်ဆင့်ချင်းစီ လျော့ချနေပြီး မိုက်ရိုင်ယန်က ပြည်သူ့ကျန်းမာရေး၊ စောင့်ကြည့်မှု၊ ရောဂါတားဆီးကာကွယ်ရေး ပြည့်၀တဲ့ မဟာဗျူဟာတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။
Ref: Aljazeera
Comments