ဇွန် ၂၅၊ ၂၀၂၀
M-Media
-Covid-19 တားဆီးကာကွယ်ရေး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးသတ်သန့်စင်မှု လုပ်ငန်း ပြီးစီးသွားပြီလို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ကြေငြာခဲ့ပြီး ရွေ့လျားသွားလာမှု ကန့်သတ်ချက်အားလုံးကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။
တစ်နိုင်ငံလုံး ပိုးသတ်သန့်စင်မှုကို မတ်လ ၂၆ ရက်နေ့က စတင်ခဲ့တာပါ။ နိုင်ငံအတွင်းက အဆောက်အဦးအားလုံး၊ အများပြည်သူ သယ်ပို့ဆောင်ရေးယာဉ်အားလုံး၊ လမ်းတံတားအားလုံး၊ အများပြည်သူနဲ့ သက်ဆိုင်ရာနေရာအားလုံးကို ပိုးသတ်ခဲ့ပါတယ်။
ယူအေအီး အရေးပေါ်အခြေအနေနဲ့ သဘာ၀ဘေးအန္တရာယ်ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆအစ်ဖ် အလ် ဒါဟီရီက ပြည်သူ့ကျန်းမာရေး ဘေးအန္တရာယ်ကင်းစေဖို့အတွက် လူစုလူဝေးလုပ်တာ၊ မိသားစုလိုက် ခရီးထွက်တာတွေကို ရှောင်ရှားဖို့ ပြည်သူလူထုကို တိုက်တွန်းခဲ့ပြီး အဆောက်အဦးတေွကိုလည်း ထပ်မံပိုးသတ်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
စုစုပေါင်း ကိုရိုနာဗိုင်းရပ်စက်သူအရေအတွက်ဟာ ယူအေအီးမှာ ၃၄၄၀၅ ဦး ရှိနေပါတယ်။
Ref: Alarabiya
Comments