ဇွန် ၃၀၊ ၂၀၂၀
M-Media
-ကမ္ဘာပေါ်မှာ နောက်ထပ် ကူးစက် ကပ်ရောဂါတစ်မျိုး ဖြစ်ပွားနိုင်ချေရှိတဲ့ ဝက်တုပ်ကွေး အမျိုးအစားတစ်ခုကို တွေ့ထားတယ်လို့ တရုတ် သုတေသန ပညာရှင်တွေက အမေရိကန် သိပ္ပံဂျာနယ် PNAS မှာ ရေးသားသတိပေးလိုက်ပါတယ်။
G4 လို့အမည်ပေးထားတဲ့ အဲဒီ တုပ်ကွေးဗိုင်းရပ်စ်ဟာ အရင်က ကပ်ရေဂါအဖြစ် ပြန့်ခဲ့တဲ့ H1N1 ဗိုင်းရပ်အမျိုးအစားကနေ ဆင်းသက်လာတာပါ။
လူသားတွေထံ ကူးစက်နိုင်တဲ့ အရေးပါတဲ့ ဝိသေသလက္ခဏာတွေအားလုံး ဒီဗိုင်းရပ်စ်မှာ ရှိနေတယ်လို့ တနင်္လာနေ့က ဖော်ပြခဲ့တဲ့ အဲဒီဆောင်းပါးမှာ ရေးသားထားပါတယ်။
တရုတ်တက္ကသိုလ်၊ တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးစင်တာတို့က ပညာရှင်တွေဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် ပြည်နယ် ၁၀ ခုမှာရှိတဲ့ ဝက်သတ်ရုံက ဝက်တွေရဲ့ နှာခေါင်းတို့ဖတ်နမူနာ ၃ သောင်းလောက်ကို စစ်ဆေးခဲ့ပါတယ်။
အဲဒီလို စစ်ဆေးရာမှာ ဝက်တုပ်ကွေးအမျိုးအစားပေါင်း ၁၇၉ ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး G4 လို့ အမည်ပေးထားတဲ့ ဝက်တုပ်ကွေးကတော့ လူတွေမှာ ကူးစက်ကာ ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တာတွေကို တွေ့ခဲ့ရပါတယ်။
ရာသီတုပ်ကွေးကို တိုက်ဖျက်နိုင်တဲ့ လူ့ကိုယ်ခံအားစနစ်ဟာ G4 ကို မတိုက်ဖျက်နိုင်တာကိုလည်း စမ်းသပ်မှုမှာတွေ့ရပါတယ်။ သွေးအဖြေ စစ်ဆေးမှုအရ စမ်းသပ်မှုလုပ်ခဲ့တဲ့ ဝက်သတ်ရုံက လုပ်သား ၁၀.၄ ရာခိုင်နှုန်းမှာ ကူးစက်နေပြီး၊ အပြင်ကိုရောက်လာရင် တရုတ်လူဦးရေရဲ့ ၄.၄ ရာခိုင်နှုန်းလောက်ကို ကူးစက်နိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းခဲ့ပါတယ်။
ဝက်ကနေ လူကို ကူးစက်နိုင်တယ်ဆိုတာကို တွေ့ခဲ့ရပေမယ့် လူလူချင်း ကူးစက်တတ်တယ်ဆိုတဲ့ အထောက်အထားမျိုးကိုတော့ မတွေ့ရသေးပါဘူး။
“G4 ဗိုင်းရပ်စ် လူတွေမှာ ကူးစက်မယ်ဆိုရင် အသွင်ပြောင်းပြီး ကမ္ဘာ့ကပ်ရောဂါတစ်ခု ဖြစ်လာနိုင်တာက စိုးရိမ်စရာ ဖြစ်နေပါတယ်”
၀က်မွေးမြူရေးနဲ့ ဝက်သတ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေကို အမြန်ဆုံး စောင့်ကြည့်သွားဖို့လည်း ပညာရှင်တွေက ဆောင်းပါးမှာ တိုက်တွန်းခဲ့ပါတယ်။
Ref: AFP
Comments