ဇူလိုင် ၅၊ ၂၀၂၀
M-Media
-လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အမေရိကန် ရက်ပါ ကန်ယီဝက်စ်က ဆိုရှယ်မီဒီယာမှာ မနေ့က တရားဝင် ကြေငြာလိုက်ပါတယ်။
ဝက်စ်ဟာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူဖြစ်ပြီး ဇနီးဖြစ်သူ မင်းသီး ကင်မ် ကာဒက်ရှီယန်နဲ့အတူ အိမ်ဖြူတော်ကို သွားရောက်လည်ပတ်ဖူးပါတယ်။
“ဘုရားသခင်ကို ယုံကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အနာဂတ်ကို တည်ဆောက်ခြင်းဆိုတဲ့ အမေရိကရဲ့ ကတိကဝတ်ကို ပြန်လည်သတိရရမယ့်အချိန် ရောက်နေပါပြီ။ အမေရိကန်သမ္မတရွေးပွဲမှာ ကျွန်တော် ဝင်ရောက်ယှဉ်ပြိုမှာ ဖြစ်ပါတယ်” လို့ ဝက်စ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဝက်စ်အနေနဲ့ အမှန်တကယ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ သမ္မတလောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စာရင်းပေးရမယ့် နောက်ဆုံးရက်ဟာ ပြည်နယ်တော်တော်များများမှာ မကုန်ဆုံးသေးတဲ့အတွက် ဝက်စ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အကြီးဆုံးနိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ ရီပက်ဘလစ်ကန်နဲ့ ဒီမိုကရစ်တစ်ပါတီတွေမှာ ရီပက်ဘလစ်ကန်ပါတီက လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် ဝင်ရောက်အရွေးခံမှာဖြစ်ပြီး ဒီမိုကရက်တစ် ပါတီကတော့ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန် ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments