ဇူလိုင် ၁၈၊ ၂၀၂၀
M-Media
-ရခိုင်မျိုးနွယ်စုအပါအဝင် တိုင်းရင်းသားတွေနေထိုင်တဲ့ စစ်တကောင်း တောင်တန်းဒေသမှာ ဘင်္ဂလားဒေ့ရှ်က နေစွမ်းအင်သုံး ဓာတ်အားပေးစနစ်တွေ အခမဲ့တပ်ဆင်ပေးဖို့ စီစဉ်နေပါတယ်။
ကန်ဒေါ်လာ ၂၆ သန်းကုန်ကျမယ့် ဒီအစီအစဉ်မှာ ဒေသ ၃ ခုက ကျောင်းသားအဆောင်တွေ၊ မိဘမဲ့ကလေးဂေဟာတွေ၊ အများပြည်သူသုံး စင်တာတွေနဲ့ နေအိမ်ပေါင်း ၄ သောင်းလောက်ကို ဆိုလာဓာတ်အားပေးစနစ် တင်ပေးမှာပါ။
လက်ရှိမှာ စီမံကိန်းပထမအဆင့် ပြီးဆုံးသွားပြီး ဒုတိယအဆင့်ကို စတင်ဆောင်ရွက်နေပါတယ်။
၂၀၄၅ ခုနှစ်ရောက်ရင် ပင်မဓာတ်အားလိုင်းကနေ ဓာတ်အားသုံးစွဲနိုင်ရေး စီမံကိန်းကို စစ်တကောင်း တောင်တန်းဒေသတွေမှာ အကောင်အထည်ဖော်ဖို့ ကြန့်ကြာနိုင်တာကြောင့် ဓာတ်အားရရှိရေး ဘင်္ဂလားဒေ့ရှ်အစိုးရက အခြားနည်းလမ်းတစ်ခုနဲ့ စီစဉ်ပေးတာ ဖြစ်ပါတယ်။
နေစွမ်းအင်သုံး ဓာတ်အားပေးစနစ် ပြုပြင်ထိန်းသိမ်းဖို့အတွက်လည်း လူပေါင်း ၄၂၅၀၀ ဦး အစိုးရက သင်တန်းပေးသွားမှာပါ။ စစ်တကောင်း တောင်တန်းဒေသရဲ့ လူဦးရေ ၉၆ ရာခိုင်နှုန်းဟာ လျှပ်စစ်ဓာတ်အား ရရှိနေပြီလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သွားလာရခက်တဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ နေစွမ်းအင်သုံး ဓာတ်အားပေးစနစ်တွေကို အကောင်အထည်ဖော်နေပါတယ်။ လက်ရှိမှာ ဆိုလာဓာတ်အားလိုင်း ၂၁ လိုင်းကို အသုံးပြုနေပြီး နောက်ထပ် ၆ လိုင်းကိုလည်း တည်ဆောက်နေပါတယ်။
Ref: pv magazine
Comments