ဇူလိုင် ၃၀၊ ၂၀၂၀
M-Media
-ပြင်သစ်ကနေ ဝယ်ထားတဲ့ တိုက်လေယာဉ်တွေထဲက ပထမဆုံး ၅ စီးဟာ မနေ့က နိုင်ငံမြောက်ပိုင်း ဟာရ်ယာနာ လေတပ်အခြေစိုက်စခန်းကို ရောက်လာတယ်လို့ အိန္ဒိယအာဏာပိုင်တွေက အတည်ပြုပါတယ်။
ပါကစ္စတန်နဲ့ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကို တိုးမြှင့်ရင်ဆိုင်လာရတဲ့အချိန် အိန္ဒိယက စစ်တပ်ကို ခေတ်မီအောင် ကြိုးစားနေတာပါ။
အိန္ဒိယကိုရောက်လာတဲ့ တိုက်လေယာဉ် ၅ စီးဟာ Rafale အမျိုးအစားဖြစ်ပြီး ၂၀၁၆ ခုနှစ်က ပြင်သစ်နဲ့ ချုပ်ဆိုခဲ့တဲ့ ကန်ဒေါ်လာ ၉.၄ ဘီလီယံတန် စစ်လက်နက်ဝယ်ယူရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဒီဝယ်ယူမှုမှာ အိန္ဒိယအစိုးရအတွင်း ခြစားမှုတွေ ရှိခဲ့တယ်လို့ အတိုက်အခံ ကွန်ဂရက်ပါတီက စွပ်စွဲခဲ့ပေမယ့် ဝန်ကြီးချုပ် မိုဒီက ငြင်းဆိုခဲ့ပါတယ်။
အိန္ဒိယဟာ စစ်တပ်ကို ခေတ်မီအောင် ဆောင်ရွက်နေပြီး ကမ္ဘာပေါ်မှာ စစ်လက်နက် ဝယ်ယူမှုအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ ရုရှားထံကနေ တိုက်လေယာဉ် ဒေါ်လာ ၂.၄၃ ဘီလီယံဖိုး ဝယ်ယူဖို့ ဇူလိုင်လ ၂ ရက်နေ့မှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
ပါကစ္စတန်နဲ့ မဟာရန်ဖက်ဖြစ်တဲ့ အိန္ဒိယဟာ ဇွန်လအတွင်း တရုတ်နိုင်ငံရဲ့ ပြဿနာဖြစ်ခဲ့ပါသေးတယ်။ နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လာဒက်ခ်ဒေသမှာ နှစ်ဖက်စစ်တပ်တွေ ရန်ပွဲဖြစ်ရင်း အိန္ဒိယစစ်သား အများအပြား သေဆုံးခဲ့ပါတယ်။
Ref: Aljazeera
Comments