ဩဂုတ် ၃၁၊ ၂၀၂၀
M-Media
-နိုင်ငံအနောက်ပိုင်းက ဝီဂါလူမျိုးတွေအပေါ် ညှင်းပမ်းမှုတွေရှိတယ်ဆိုတဲ့သတင်းတွေကို ဥရောပရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မနေ့မှာ ထပ်ငြင်းလိုက်ပြီး ပြည်တွင်းရေးကိစ္စမှာ ဥရောပနိုင်ငံတွေက ဝင်မစွက်ဖို့လည်း သတိပေးလိုက်ပါတယ်။
ရှင်ကျန်းပြည်နယ်မှာ အစ္စလာမ်ဘာသာဝင် ဝီဂါနဲ့ အခြားလူမျိုးစုငယ်တွေကို တရုတ်အစိုးရက ဖိနှိပ်မှုတွေ လုပ်ဆောင်နေပြီး အနည်းဆုံး လူ ၁ သန်းလောက်ကို အကျဉ်းစခန်းထဲမှာ ပိတ်လှောင်ထားတယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ထုတ်တင်ပြခဲ့ကြပါတယ်။ တရုတ်ကတော့ ဒီသတင်းကို ငြင်းဆိုပြီး အကျဉ်းစခန်းတွေမဟုတ်ဘဲ လေ့ကျင့်သင်ကြားရေးကျောင်းတွေသာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
မနေ့က ပဲရစ်ကိုရောက်လာတဲ့ ဝမ်ယီကလည်း အဲဒီသင်တန်းကျောင်းတွေကို ပို့ဆောင်ခံရတဲ့သူတွေဟာ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒတွေ ဝင်နေတဲ့သူတွေဖြစ်ကြောင်း၊ လက်ရှိမှာ သူတို့ကို ပြန်လွှတ်ပေးလိုက်ပြီး လုပ်ငန်းခွင် ဝင်နေကြပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“အခုဆိုရင် သူတို့အားလုံး ဘွဲရသွားပါပြီ။ လေ့ကျင့်သင်ကြားရေးကျောင်းတွေမှာ တစ်ယောက်မှ မရှိတော့ပါဘူး။ အားလုံး အလုပ်ရသွားပါပြီ”
တရုတ်အစိုးရဟာ ဝီဂါတွေနဲ့ အခြားလူမျိုးစုငယ်တွေအပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှုတွေ အခုအချိန်အထိ ဆက်လက်ဆောင်ရွက်နေတုန်းပဲလို့ တက်ကြွလှုပ်ရှားသူတွေ ဖိနှိပ်ခံရတဲ့ မိသားစုတွေက ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။
Ref: Alarabiya
Comments