အောက်တိုဘာ ၈၊ ၂၀၂၀
M-Media
- အသံထက်မြန်တဲ့ သင်္ဘောဖျက် ခရုဇ်ဒုံးကျည်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ကြေငြာလိုက်ပြီး သမ္မပူတင်ကလည်း တိုင်းပြည်အတွက် ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခု လို့ ပြောကြားလိုက်ပါတယ်။
Tsirkon လို့အမည်ပေးထားတဲ့ အဲဒီဒုံးကျည်ကို အင်္ဂါနေ့မှာ ပင်လယ်ဖြူမှာရှိတဲ့ Gorshkov ဖရီးဂိတ်ရေယာဉ်ကနေ စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ပြီး အသံထက် ၈ ဆမြန်တဲ့ အရှိန်နဲ့သွားကာ မိုင် ၂၈၀ အကွာမှာရှိတဲ့ ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတပူတင်က ဒီလက်နက်ဟာ ကမ္ဘာမှာ ပထမဆုံးဖြစ်ပြီး စစ်တပ်အတွက်သာမက ရုရှားတစ်နိုင်ငံလုံးအတွက် ကြီးကျယ်တဲ့ အောင်မြင်မှုဖြစ်ကြောင်း၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးအင်အားကို ရေရှည်မှာ ပိုမိုတောင့်တင်းစေမယ်ဆိုတာ သေချာကြောင်း ပြေကြားခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ Tsirkon ဒုံးကျည်တွေကို တိုက်ရေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အသံထက် ၉ ဆမြန်ပြီး မိုင် ၆၂၀ လောက်အထိရောက်မယ့် လက်နက်တစ်မျိုးကို မကြာခင် ထုတ်ပြမယ်လို့ ပူတင်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ပြောခဲ့ပါတယ်။ ရုရှားဟာ လက်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ဖောက်ထွက်နိုင်မယ့် လက်နက်သစ်တစ်ချို့ကို တီထွင်ထုတ်လုပ်နေတယ်လို့လည်း ဆိုပါတယ်။
Ref: Aljazeera
Comments