အောက်တိုဘာ ၈၊ ၂၀၂၀
M-Media
-ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံးပြီး ကျူးကျော်သိမ်းပိုက်တာမျိုး မလုပ်ဖို့အတွက် အမေရိကန်က တရုတ်ကို သတိပေးလိုက်ပါတယ်။
တရုတ်အစိုးရက ထိုင်ဝမ်ဟာ ပြည်မကြီးနဲ့ ပေါင်းစည်းရမယ့် တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ဒါကို လက်မခံဘူးဆိုရင် အင်အားသုံးသင့် သုံးရလိမ့်မယ်လို့လည်း လူသိရှင်ကြား ထုတ်ပြန်ပြောဆိုထားပါတယ်။
လက်ရှိမှာ တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ ရေတပ်အင်အား အကြီးအကျယ် တိုးမြှင့်နေပြီး ဒါဟာ ပထမကမ္ဘာစစ်မတိုင်ခင် ဗြိတိန်ရေတပ်ကို အားပြိုင်ဖို့အတွက် ဂျာမနီက ကြိုးပမ်းမှုနောက်ပိုင်း အကြီးမားဆုံး ရေတပ်အင်အားတိုးချဲ့မှု ဖြစ်တယ်လို့ မနေ့က လက်စ်ဗီးဂက်စ်က နီဗားဒါးတက္ကသိုလ်မှာ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန်က ပြောကြားခဲ့ပါတယ်။
“ဒီတိုးမြှင့်မှု တစ်စိတ်တစ်ပိုင်းက ကျွန်တော်တို့ကို ပစိဖိတ်အနောက်ခြမ်းကနေ ဖယ်ထုတ်ဖို့ဖြစ်ပြီး ဒါမှ ထိုင်ဝမ်ကို ကမ်းတက်ပြီး သိမ်းနိုင်မှာ ဖြစ်ပါတယ်”
ဒါပေမယ့် ဒီလို ကမ်းတက်သိမ်းတာဟာ လွယ်ကူမှာ မဟုတ်ဘူးလို့လည်း အိုဘရိုင်ယန်က ထောက်ပြပြောဆိုခဲ့ပါတယ်။
ထိုင်ဝမ်ကို တရုတ်ကျူးကျော်ရင် အမေရိကန်က ကာကွယ်ပေးမလားလို့ မေးမြန်းရာမှာ အမေရိကန်ရဲ့ မဟာဗျူဟာအရ တိတိကျကျ ဆုံးဖြတ်ထားခြင်းမရှိဘူးလို့ အိုဘရိုင်ယန်က ဖြေကြားခဲ့ပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်ကိစ္စကမှာ စစ်ရေးအရ ပ ါဝင်ပတ်သက်ဖို့အတွက် ဥပဒေအရ ခွင့်ပြုချက်လိုအပ်မှာ ဖြစ်ပါတယ်။ အိုဘရိုင်ယန်က စစ်ဖက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့နဲ့ ကာကွယ်ရေးအတွက် ငွေကြေး ပိုမိုသုံးစွဲဖို့လည်း ဘရိုင်ယန်က ထိုင်ဝမ်ကို တိုက်တွန်းခဲ့ပါတယ်။
Ref: Aljazeera
Comments