ဒီဇင်ဘာ ၁ ၊ ၂၀၁၂
M-Media
မောင်ပုည
ဒေသခံများနှင့် သံဃာတော် များ၏ ကန့်ကွက် ဆန္ဒပြမှု နှင့် ရင်ဆိုင် ခဲ့ရသော လက်ပံတောင်းတောင် စီမံကိန်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို သမ္မတဦးသိန်းစိန် လက်မှတ်ထိုးထားသော နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉၂/ ၂၀၁၂ ဖြင့် ဖွဲစည်းကြောင်းကြေငြာခဲ့ပါသည်။ အဆိုပါ ကော်မရှင်တွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကိုမင်းကိုနိုင်၊ဦးကိုကိုကြီးတို့မှာ အဖွဲဝင်အဖြစ် ထည့်သွင်းဖွဲစည်းခဲ့ခြင်းအပေါ် ပါဝင်ဆောင်ရွက်လိုခြင်းမရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၄င်းတို့၏ တရားဝင် Facebook စာမျက်နှာတွင် ကြေငြာချက်ထုတ်လိုက်ပါတယ်။ ကြေငြာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည။်
လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
စာအမှတ် – ၃၁/ ၂၀၁၂(၈၈)
ရက်စွဲ – ၂၊ နိုဝင်ဘာ၊ ၂၀၁၂
၂၈၄(က)၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း – ၀၁- ၅၇၇ ၆၅၆
Email – [email protected]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂ အရ ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်။
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုခဲ့ပါသည်။
သို့သော် ယခု ဖွဲ့စည်းလိုက်သည့် ကော်မရှင်တွင် ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် ပါဝင်ဆောင်ရွက်လိုသည့်ဆန္ဒမရှိပါကြောင်း အသိပေးအပ်ပါသည်။
၈၈မျိုးဆက်ကျောင်းသားများ။
Comments