နိုဝင်ဘာ ၅၊ ၂၀၂၀
M-Media
-သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ မဲတွေ ရေတွက်လို့ မပြီးခင်မှာပဲ သမ္မတထရမ့်ရဲ့ အောင်နိုင်ရေးအဖွဲ့က ပြည်နယ်အချို့မှာ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုပြီး တရားစွဲဆိုလိုက်ပါတယ်။
ရီပက်ဘလစ်ကန်ပါတီက ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒန်တို့ အဓိကယှဉ်ပြိုင်တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ဘိုင်ဒန်က ၂၆၄ မဲ၊ ထရမ့်က ၂၁၄ မဲ ရရှိထားပါတယ်။ ထောက်ခံမဲ ၂၇၀ ရရှိတဲ့သူဟာ သမ္မတဖြစ်လာမှာပါ။ ပြည်နယ် ၅၀ ရှိရာမှာ ၄၃ ခုက မဲတွေကို ရေတွက်ပြီးဖြစ်ပါတယ်။
သမ္မထရမ့်က မဲရေတွက်မှုမှာ မသမာမှုတွေရှိတယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ အောင်နိုင်ရေးအဖွဲ့ကလည်း မီချီဂန်၊ ပင်ဆဲလ်ဗားနီးယားနဲ့ ဂျော်ဂျီယာ ပြည်နယ်တို့မှာ မဲရေတွက်မှု ရပ်ဆိုင်းဖို့၊ ကြိုတင်မဲတွေကို ထည့်မရေဖို့၊ မဲပြန်ရေဖို့ တရားရုံးကို တိုင်ကြားထားပါတယ်။ ထရမ့်ရဲ့ စွပ်စွဲချက်ဟာ အထောက်အထားမရှိတဲ့ စွပ်စွဲချက်တွေဖြစ်ပြီး ဒါဟာ ဒီမိုကရေစီတန်ဖိုးကို ကျစေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ဝေဖန်သူတွေက ဝေဖန်ခဲ့ကြပါတယ်။
ထရမ့်ကိုထောက်ခံသူတွေက ပြည်နယ်တစ်ချို့မှာ လက်နက်တွေကိုင်ကာ စုဝေးဆန္ဒပြမှုတွေ ပြုလုပ်နေပြီး၊ ထရမ့်ကို ဆန့်ကျင်ကာ မဲဆက်ရေတွက်ရေ းတိုက်တွန်းတဲ့ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာပါတယ်။
အမေရိကန်ရဲ့ အခုနှစ်သမ္မတရွေးကောက်ပွဲမှာ မဲလာပေးသူအရေအတွက်ဟာ နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံးဖြစ်ပါတယ်။
ဂျိုဘိုင်ဒန်က မဲရေတွက်တာ မပြီးသေးပေမယ့် မိမိအနိုင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Reuters
Comments