နိုဝင်ဘာ ၂၇၊ ၂၀၂၀
M-Media
– အီဘရာဟင် အိုမာရ်ဟာ နိယူးဇီလန်ရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား လွှတ်တော်အမတ် ဖြစ်ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ နယူးဇီလန်ရဲ့ အထွေထွေရွေးကောက်ပွဲမှာ အသက် ၄၂ နှစ်အရွယ် အိုမာရ်ဟာ လေဘာပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပါတယ်။
စစ်ပွဲတွေကြောင့် ဆယ်ကျော်သက်အရွယ်မှာ မွေးရပ် အီရစ်ထရီယာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ အိုမာရ်ဟာ ၂၀၀၈ ခုနှစ်မှာ နယူးဇီလန်နိုင်ငံကို UNHCR အစီစဉ်နဲ့ ရောက်ရှိခဲ့ပါတယ်။ အိုမာရ်ဟာ လွှတ်တော်အမတ်အဖြစ် မနေ့က ပထမဆုံး မိန်းခွန်းပြောခဲ့ပြီး လွှတ်တော်အမတ်အားလုံးကို မတ်တပ်ရပ်လက်ခုပ်တီးကာ ဂုဏ်ပြုခဲ့ကြပါတယ်။
News and Video Source: The Guardian
Comments