ဒီဇင်ဘာ ၁၇၊ ၂၀၂၀
M-Media
-ပြီးခဲ့တဲ့တစ်ပတ် နိုင်ငံတောင်ပိုင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ်မှာ လူ ၆၀၀ လောက် ဆေးရုံတက်လိုက်ရတာဟာ နီကယ်အဆိပ်သင့်မှုကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
အိန္ဒိယဟာ ကိုဗစ်ရောဂါဒဏ်ကို ဒုတိယအဆိုးရွားဆုံး ခံစားနေရတဲ့နိုင်ငံဖြစ်ပြီး လူတွေ အစုလိုက်အပြုံလိုက် မူးမေ့သတိလစ်တဲ့ အခြေအနေအမျိုး ဖြစ်လာတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက စိုးရိမ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဓာတ်ခွဲစမ်းသပ်မှုတွေအရ နီကယ်ပါဝင်တဲ့နွားနို့ သောက်သုံးမှုကြောင့် အဆိပ်သင့်ခဲ့တယ်လို့ အိန္ဒိယဆေးသိပ္ပံပညာရှင်များအဖွဲ့ AIIMS က ထုတ်ပြန်ပါတယ်။
နွားနို့မှာ ဒီလို နီကယ်ပါဝင်ရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်လို့ မရသေးပါဘူး။ နွားတွေစားသုံးတဲ့ မြက်တွေကနေ ပါလာတာဖြစ်နိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။
အိန္ဒိယဓာတုနည်းပညာဆိုင်ရာအဖွဲ့ (IICT) ကလည်း နွားနို့မှာ ခဲဆိပ်သင့်တာဟာ ပိုးသတ်ဆေး အကြွင်းအကျန်ကြောင့် ဖြစ်နိုင်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments