ဒီဇင်ဘာ ၁၈၊ ၂၀၂၀
M-Media
-အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ အီတလီနိုင်ငံ အက်စီစီမြို့မှာ ကိုဗစ်ကပ်ရောဂါဒဏ် ခံနေရတဲ့ ပြည်သူတွေအတွက် အဝတ်အထည်တွေနဲ့ ငွေကြေးတွေ အခုတစ်ပတ်မှာ လှူဒါန်းခဲ့ပါတယ်။
ခရစ်ယာန် ကက်သလစ် ကူညီကယ်ဆယ်ရေးအဖွဲ့ Caritas နဲ့ ပူးပေါင်းကာ ယူအေအီးက ဒီလိုလှူဒါန်းခဲ့တာပါ။ အက်စီစီမြို့တော်ခန်းမမှာလုပ်တဲ့ လှူဒါန်းပွဲအခမ်းအနားကို အီတလီဆိုင်ရာ ယူအေအီး ဒုတိယသံအမတ် အဟ်မဒ် အလ်-မူလာ တက်ရောက်ခဲ့ပါတယ်။
အက်စီစီမြို့ဟာ ခရစ်ယာန်ကက်သလစ်ဘာသာရဲ့ သူတော်စဉ် စိန့်ဖရန်စစ် ဖွားမြင်ရာဒေသ ဖြစ်ပါတယ်။
မြို့တော်ဝန် စတီဖာနီယာ ပရိုအီတီက ဒီလှူဒါန်းမှုဟာ အက်စီစီမြို့နဲ့ ယူအေအီးနိုင်ငံတို့အကြား နှစ်များစွာ တည်ရှိခဲ့တဲ့ ခိုင်မာတဲ့ မိတ်ဖက်ဖြစ်မှုကို ပိုမိုအားကောင်းစေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဂျာကင်အပါအဝင် အင်္ကျီအဝတ်အစား အထည် ၆၀၀၊ စောင် အထည် ၁၀၀၊ ဦးထုပ် အလုံး ၂၀၀ နဲ့ ကလေးလက်အိတ် အစုံ ၁၀၀ ယူအေအီးက လှူဒါန်ခဲ့ပြီး၊ ငွေကြေးလည်း ထောက်ပံ့ပေးခဲ့ပါတယ်။
“အက်စီစီပြည်သူတွေ အထူးသဖြင့် အကူအညီ အလိုအပ်ဆုံးသူတွေကို သံရုံးကနေတစ်ဆင့် လှူဒါန်းကာ စည်းလုံးမှုကို ပြသခဲ့တဲ့ ယူအေအီးကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ကျွန်တော်တို့ရဲ့ နှလုံးသားကို နွေးထွေစေပါတယ်”
အီတလီဆိုင်ရာ ယူအေအီးသံအမတ် အိုမာရ် အိုဘိုက် အလ်-ရှမ်ဆီ ဇွန်လတုန်းကလည်း အက်စီစီက ပြည်သူတွေအတွက် အခြေခံအသုံးအဆောင်တွေ၊ အစားအသောက်တွေ လှူဒါန်းခဲ့သလို၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက အတိဒုက္ခရောက်နေတဲ့ မိသားစု ၅၀၀ ကို ထောက်ပံ့ပေးခဲ့ပါတယ်။
Ref: Arab News
Comments