ဒီဇင်ဘာ ၁ ၊ ၂၀၁၂
M-Media
အောင်ကျော်
မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမမြို့ သုံးပါသခင် ဒါရ်ဂါတော်မှ ကြီးမှူးပြီး ပဉ္စမအကြိမ်မြောက် ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့က မုတ္တမြို့ မြင်းတပ်ရပ်မှရှိတဲ့ တောင်သာယာ ဒါရ်ဂါတော်မှာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲကို မုတ္တမမြို့မှ နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပါတယ်။
မုတ္တမ မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် မှာ တာဝန်ရှိသူတစ်ဦးမှ အမှာစကားပြောကြားခဲ့ရာမှာ “မုတ္တမမြို့ရှိတဲ့ ဘာသာပေါင်းစုံမှ ပြည်သူများဟာ ငြိမ်းချမ်းရေးကို လိုလားသူတွေဖြစ်ကြောင်း၊ မြို့သူမြို့သားများဟာ တစ်ဦးနှင့် တစ်ဦးအပေါ် မိသားစုသဖွယ်သံယောဇဉ် ကြီးကြပြီး၊ မွတ်စလင်တွေ ၊ ဗုဒ္ဓဘာသာဝင်တွေ ဆိုပြီးခွဲခြားမှုမရှိပါကြောင်း၊ ရန်ကုန်ရောက်နေတဲ့ မုတ္တမမြို့သား မွတ်စလင် တွေဆိုရင် မုတ္တမမြို့ခံတွေ ဘယ်သူမဆို ရန်ကုန်ရောက်ရင် ကူညီကြတယ်။ ဖေးမကြတယ်။ ရန်ကုန်က မုတ္တမသား မွတ်စလင်တွေရဲ့ အိမ်တွေဟာ မုတ္တမမြို့သား ကျွန်တော်တို့အတွက် ရန်ကုန်မှာ အကူညီပေးရာ အိမ်တွေပါ။ မုတ္တမမြို့မှာ ရှိတဲ့ မွတ်စလင်တွေနဲ့ ကျွန်တော်တို့ကို ဘယ်တော့မှ သွေးခွဲလို့ မရပါဘူး။ ကျွန်တော်တို့တွေဟာ အမြဲလက်တွဲလျှက်ပါ ” လို့ ပြောကြားခဲ့သည်။
မုတ္တမမြို့ တွင် ပြိးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာ(၃၀) ရက် အဘိဓမ္မာ အခါတော်နေ့တွင် မြစေတီနန်းဦး စာသင်တိုက်ဆရာတော် အရှင်သဒ္ခမ္မ (မြနန်းဆရာတော်) ဦးစီး ဦးဆောင်ပြီး အစ္စလာမ် ဆန့်ကျင်ရေး တရားများနှင် အစ္စလာမ်ဆန့်ကျင်ရေး လက်ကမ်း စာရွက်များ ဖြန့်ဝေခဲ့သည့် အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပါသည်။
Comments