ဒီဇင်ဘာ ၂၊ ၂၀၂၀
M-Media
-ယူရေနီယံသန့်စင်မှုကို ၂၀ ရာခိုင်နှုန်းအထိရောက်အောင် လုပ်ဆောင်သွားမယ်လို့ အီရန်က နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA ကို အကြောင်းကြားလိုက်ပါတယ်။
အီရန်ဟာ အရင်က ယူရေနီယံကို ၂၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်မှာ ၃.၆၇ ရာခိုင်နှုန်းသာ သန့်စင်ရမယ်လို့ ပါဝင်တာကြောင့် သန့်စင်မှုလုပ်ငန်းကို လျှော့ချခဲ့ပါတယ်။
နျူသဘောတူညီချက်ကနေ အမေရိကန်နှုတ်ထွက်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစလို့ အီရန်က ယူရေနီယံ သန့်စင်မှု ပြန်လုပ်ခဲ့ပြီး လက်ရှိမှာ ၄.၅ ရာခိုင်နှုန်း သန့်စင်ထားနိုင်ပါတယ်။ ယူရေနီယံကို ၉၀ ရာခိုင်နှုန်း သန့်စင်နိုင်မှသာ လက်နက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
IAEA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အီရန်က လွှတ်တော်မှာ မကြာသေးမီက အတည်ပြုလိုက်တဲ့ ဥပဒေသစ်အရ ယူရေနီယံသန့်စင်မှုလုပ်ငန်းကို Fordow ဓာတ်ပေါင်းဖိုမှာ ၂၀ ရာခိုင်နှုန်းအထိ လုပ်ဆောင်သွားမယ်လို့ အကြောင်းကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။ သန့်စင်မှု လုပ်ဆောင်နေပြီလားဆိုတာ မပြောထားဘူးလို့လည်း IAEA က ဆိုပါတယ်။
Fordow ဓာတ်ပေါင်းဖိုကို လေကြောင်းရန် ကာကွယ်နိုင်ဖို့အတွက် တောင်ထဲမှာမြှုပ်ပြီး တည်ဆောက်ထားတာပါ။
အီရန်ရဲ့ နျူကလီးယားလုပ်ငန်းတွေဟာ လက်နက်ထုတ်ဖို့ရည်ရွယ်တယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားပြီး အီရန်ကတော့ ဒါကို ငြင်းပါတယ်။
သမ္မတထရမ့်လက်ထက်မှာ ၂၀၁၅ နျူသဘောတူညီချက်နေထွက်ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အာဏာလွှဲပြောင်းယူမယ့် သမ္မတသစ် ဂျိုးဘိုင်ဒန်က ဒီစာချုပ်မှာ ပြန်လည်ပါဝင်သွားဖို့ ရှိနေပါတယ။်
Ref: Reuters
Comments