ဇန်နဝါရီ ၁၃၊ ၂၀၂၁
M-Media
-ကမ္ဘာလှည့်ခရီးသွားမြို့ ဖြစ်လာရေးအတွက် ပင်လယ်နီကမ်းနဖူးက နီအွန်မြို့မှာ အပန်းဖြေစီမံကိန်း အနည်းဆုံး ၆ ခုလောက် လုပ်ဆောင်သွားမယ်လို့ ဆော်ဒီအာရေဗျက အစိုးရက ပြောပါတယ်။
နီအွမ်မြို့ဟာ နိုင်ငံအနောက်မြောက်ပိုင်း သဘူးက်ပြည်နယ်မှာ တည်ရှိတာပါ။ ကမ္ဘာလှည့်ရီးသွားမြို့တော်အဖြစ် ဖော်ဆောင်ရေးအတွက် မြို့ပြစီမံကိန်းတွေကို လက်ရှိမှာ ဆော်ဒီက အကောင်အထည် ဖော်နေပါတယ်။
ဒီစီမံကိန်းအတွက် မဟာဗျူဟာ ချမှတ်ဖို့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဆော်ဒီက စီမံခဲ့တာပါ။
နီအွန်မြို့မှာ အနည်းဆုံး စီမံကိန်း ၅ ခုကနေ ၆ ခုအထိ ဖော်ဆောင်မှာဖြစ်ပြီး အရေးပါအဆုံးတစ်ခုက နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုပြီး သဘာ၀ပတ်ဝန်းကျင်ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးမယ့် မြို့သစ်စီမံကိန်း LINE ဖြစ်ပါတယ်။ LINE စီမံကိန်းကို အခုတစ်ပတ်စောပိုင်းမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကိုယ်တိုင် ကြေငြာခဲ့ပါတယ်။
နီအွန်က စီမံကိန်းတွေကို ဒေသတွင်းနဲ့ နိုင်ငံရပ်ခြားက ကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြို့ပြစီမံကိန်းတွေအပြင် အပန်းဖြေစီမံကိန်း၊ စီးပွားရေးအချက်အခြာစီမံကိန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
Ref: Arab News
Comments