6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁
M-Media

-စစ်အာဏာသိမ်းတဲ့နေ့က နိုင်ငံတစ်ဝှမ်းမှာတွေ့ရတဲ့ စစ်ကားတွေ စစ်လက်နက်ပစ္စည်းတွေကိုကြည့်ရင် မြန်မာစစ်တပ်ဟာ လက်နက်ခဲယမ်းဖက်မှာ တရုတ်ထက် ရုရှားကို ပိုပြီးအားကိုးလာတယ်ဆိုတာ တွေ့ရကြောင်း နိုင်ငံတကာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် နေပြည်တော်၊ ရန်ကုန်နဲ့ အခြားမြို့ကြီးတွေမှာ တွေ့ရတဲ့ အပေါ့စား လက်နက်တပ်ယာဉ် တော်တော်များများဟာ ရုရှားလုပ်တွေဖြစ်ပါတယ်။

ဆွီဒင် သုတေသနအဖွဲ့ Stockholm International Peace Research Institute က ဒါတွေဟာ ရုရှားထံကနေ အမြောက်အများဝယ်ယူခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရုရှားနဲ့ မြန်မာ စစ်တပ်တွေ ဆက်ဆံရေး နက်ရှိုင်းလာတာကို ပြသနေတယ်လို့ သုံးသပ်ပါတယ်။

ဒီအဖွဲ့ရဲ့ ၂၀၁၉ ခုနှစ် ထုတ်ပြန်မှုမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ရုရှားထံက မြန်မာစစ်တပ် ဝယ်ယူတဲ့ စစ်လက်နက်တန်ဖိုး ကန်ဒေါ်လာ ၈၀၇ သန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘာ့လက်နက်ရောင်းဝယ်မှုကို လေ့လာဆန်းစစ်နေတဲ့ ဆွီဒင်တတ်သိပညာရှင်များအဖွဲ့ရဲ့ အကြီးတန်းပညာရှင် ဆိုင်မွန် ဝီဇီမန်က အာဏာသိမ်းတဲ့နေ့ လမ်းပေါ်မှာတွေ့ရတဲ့ စစ်ကားတွေဟာ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်း ရထားတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အိမ်နီးချင်းဖြစ်ပြီး ကမ္ဘာ့လက်နက်အဓိက ဖြန့်ဖြူးရာနိုင်ငံလည်းဖြစ်တဲ့ တရုတ်အပေါ် မှီခိုရမှုကို ရှောင်ရှားဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ရုရှားနဲ့ ကာကွယ်ရေးကိစ္စ ဆက်ဆံမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ အာရှ သံတမန်တွေက ဆိုပါတယ်။

“စစ်ဖက်ဆက်ဆံရေးဆိုရင် တပ်မတော်ဟာ နယ်ပယ်စုံမှာ ရုရှားန​ဲ့ ပိုပြီး ဆက်ဆံလာတယ်။ သံတမန်ပိုင်းမှာလည်း လုံခြုံရေးကောင်စီမှာ ရုရှားရဲ့ ဗီတိုအာဏာအကျိုးကို ခံစားရပါတယ်” လို့ သံတမန်တစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် ရက်ပိုင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ဆာဂျီ ရှိုဂူ မြန်မာနိုင်ငံကိုလာရောက်ကာ Pantsir-S1 မြေပြင်ကဝေဟင်ပစ်ဒုံးကျည်၊ Orlan-10E ထောက်လှမ်းရေးဒရုန်းတွေနဲ့ ရေဒါပစ္စည်းတွေရောင်းပေးဖို့ လက်မှတ်ထိုးသွားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးကောင်စီက ရှုတ်ချတဲ့ကြေငြာချက် ထုတ်ပြန်ရာမှာရုရှားနဲ့ တရုတ်တို့က ကန့်ကွက်မှုကြောင့် ပြင်းထန်တဲ့အသုံးနှုန်းတွေကို ဖယ်ရှားခဲ့ရပြီး စစ်အာဏာသိမ်းမှုလို့တောင် သုံးစွဲခွင့် မရခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားကိုသွားတဲ့ခရီးစဉ်မှာ ရုရှားက မြန်မာနိုင်ငံရဲ့ သစ္စာရှိ မိတ်ဆွေဖြစ်ပြီး ခက်ခဲတဲ့အချိန်တွေ အထူးသဖြင့် လွန်ခဲ့တဲ့ ၄ နှစ်မှာ မိမိတို့ကို အမြဲတမ်း ပံ့ပိုး ကူညီပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟာ ရုရှားကို ၆ ကြိမ် သွားရောက်ခဲ့ပြီး နောက်ဆုံးတစ်ခေါက်က ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဒီမိုကရေစီအသွင်ကူးပြောင်းမှုနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးဟာ ‘ခေတ်မီတပ်မတော်’ တည်ဆောက်ရေးအတွက် ရုရှားနဲ့ ပိုပြီးဆက်ဆံဖို့ ဆောင်ရွက်ခဲ့တယ်လို့ မြန်မာ့စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လက်နက်၀ယ်ယူမှု ၅၀ ရာခိုင်နှုန်းဟာ တရုတ်ထံကဖြစ်ပြီး စစ်ရေယာဉ်၊ တိုက်လေယာဉ်၊ လက်နက်တပ်ဒရုန်း၊ စစ်ကား၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပါဝင်ပါတယ်။ ဝယ်ယူမှုရဲ့ ၁၇ ရာခိုင်နှုန်းက ရုရှားထံကဖြစ်ပြီး အဓိကအားဖြင့် တိုက်လေယာဉ်တွေ၊ ​တိုက်ပွဲဝင် ရဟတ်ယာဉ်တွေ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူမှုတန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၂.၄ ဘီလီယံဖိုးရှိပြီး၊ တရုတ်ထံက ၁.၃ ဘီလီယံဖိုး၊ ရုရှားထံက ၈၀၇ သန်းဖို့ ဖြစ်ပါတယ်။ ရုရှားထံက ဝယ်တဲ့အထဲမှာ MiG-29၊ SDu-30MK၊ JF-17 လို တိုက်လေယာဉ်တွေ၊ K-8၊ Yak-130၊ G 120TP လို လေ့ကျင့်ရေးလေယာဉ်တွေ ပါဝင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၀၁ ခုနှစ်ကတည်းက ရုရှားထံကနေ လက်နက်တွေ မြန်မာစစ်တပ်က စဝယ်တာပါ။ ၂၀၁၆ ခုနှစ်မှာ နှစ်ဖက် စစ်ရေးသဘောတူစာချုပ် ချုပ်ခဲ့ပြီး ​မြန်မာစစ်သားတွေ ရုရှားသွား ပညာသင်တာတွေပါ ရှိလာပါတယ်။ ၂၀၁၉ ခုနှစ်အရောက်မှာတော့ ရုရှားရောက် မြန်မာစစ်သားအရေအတွက်ဟာ ၆ ထောင်ကျော် ရှိလာပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ကိုခွာပြီး ရုရှားနဲ့ နီးကပ်အောင် ဆောင်ရွက်မှုဟာ ၁၉၈၀ ပြည့်နှစ်တွေအထိ ရှိခဲ့တဲ့ တရုတ်နဲ့ စစ်ရေးတင်းမာမှု၊ တိုင်းရင်းသားလက်နက်ကိုင်အရေးမှာ လက်ရှိအချိန်အထိ တရုတ်က​ ဝင်ပါနေမှု၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ထောက်ပံ့နေမှု စတာတွေကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

“တရုတ်လိုမဟုတ်ဘဲ ရုရှားဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးမှာ ဝင်မပါသလို၊ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားလည်း မရှိဘူး။ ပထဝီနိုင်ငံရေး မဟာဗျူဟာကျတဲ့ အကျိုးစီးပွားတွေ မရှိတာကြောင့် ရုရှားဟာ ဆက်ဆံလို့ကောင်းတဲ့ မိတ်ဖက်နိုင်ငံမျိုး ဖြစ်နေတာပါ” လို့ စစ်ဖက်ဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

၁၀၇ မမ မြေပြင်က မြေပြင်ပစ်ဒုံးတွေ၊ မြေပြင်က ဝေဟင်ပစ်ဒုံးတွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကို တရုတ်က လက်နက်တွေထောက်ပံ့တာကို ဗိုလ်ချုပ်မှူးကြီးက မကျေနပ်ဘူးလို့ အာရှသံတမန်တစ်ဦးက အတည်ပြုပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ကို သိပ်မကြည်ဘူးဗျ။ တရုတ်ကသာ မြန်မာကို အခြိမ်းခြောက်နိုင်ဆုံး ဖြစ်နေတာကိုး”

Ref: Nikkei Asia

Comments are closed.