ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်နဲ့ရော ဖြုတ်ချခံအစိုးရနဲ့ပါ ထဲထဲဝင်ဝင် ဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဒီကနေ့ညနေ ဘန်ကောက်မှာ ၃ ပွင့်ဆိုင် တွေ့ဆုံပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီလို ပြောလိုက်တာပါ။
သွေးထွက်သံယိုမှုတွေမဖြစ်ဖို့၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ဆောင်ရွက်ဖို့ ပါဝင်ပတ်သက်သူတွေအားလုံးကို တိုက်တွန်းထားတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုသွားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဖြုတ်ချခံအစိုးရက ဘယ်သူတွေနဲ့ ဘယ်လို ဆွေးနွေးခဲ့လဲဆိုတာကို မာဆူဒီက အသေးစိတ် မပြောခဲ့ပါဘူး။
Ref: Reuters
Comments