6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၈၊ ၂၀၂၁
M-Media

-မနေ့က စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုမှာ အသက် ၁၀ နှစ်ကနေ ၁၆ နှစ်ကြားရှိတဲ့ ကလေးငယ် အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပါတယ်။

မိတ္ထီလာက အသက် ၁၃ နှစ်အရွယ်နဲ့ မော်လမြိုင်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးတို့လည်း သတ်ဖြတ်ခံရမှုမှာ ပါဝင်ပါတယ်။

ရန်ကုန်က အသက် ၁ နှစ်အရွယ် ကလေးငယ် မျက်လုံးကို ရာဘာကျည်ထိလို့ မျက်လုံးထုတ်ခဲ့ရသလို၊ မန္တလေးက အသက် ၅ နှစ်အရွယ်ကလေးငယ်ဟာ ကျည်အစစ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရကာ ခွဲစိပ်ကုသမှုတွေ လုပ်ခဲ့ရပါတယ်။

မန္တလေးမြို့မှာ ၄၀၊ ရန်ကုန်မှာ ၂၇ ဦးအပါအဝင် မနေ့က နိုင်ငံတစ်ဝှမ်း စုစုပေါင်း ၁၁၄ ဦး အသတ်ခံရတယ်လို့ ပြည်တွင်းသတင်းဌာနကတွေက ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၄၀ ရှိလာပြီ ဖြစ်ပါတယ်။

(ဓာတ်ပုံ – ရာဘာကျည်နှင့် ပစ်ခတ်ခံရပြီးနောက် မျက်လုံးထုတ်ခဲ့ရသည့် အသက် ၁ နှစ်အရွယ် ကလေးငယ်)

Comments are closed.