မတ် ၃၀၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှု ဆက်တိုက်ဖြစ်နေတာကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မနက်ဖြန်မှာ အစည်းအဝေးခေါ်ယူဖို့ ဗြိတိန်က တိုက်တွန်းထားပါတယ်။
၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ အဲဒီအစည်းအဝေးကို တံခါးပိတ် ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာက အခြေအနေကျဉ်းချုပ်ကို တင်ပြမှာပါတယ်။
အဖွဲ့ဝင်အားလုံး သဘောတူညီမှ ထုတ်ပြန်ရမယ့် ကြေငြာချက်တစ်စောင် ဒီအစည်းအဝေးကနေ ထွက်လာမလားဆိုတာ မသေချာသေးပါဘူး။
မတ်လ ၁၀ ရက်နေ့ အစည်းအဝေးမှာတော့ အမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအဝင် ပြည်သူတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်ဆိုတဲ့ ပထမဆုံး ကြေငြာချက် ထုတ်ခဲ့ပါတယ်။
ဒါပေမယ့် တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ် အပါအဝင် နိုင်ငံတစ်ချို့က ကန့်ကွက်တာကြောင့် စစ်အာဏာသိမ်းတယ်ဆိုတဲ့ စကားလုံးကို သုံးခွင့်မရခဲ့ပါဘူး။
Ref: AFP
Comments