ဧပြီ ၁၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံမှာ အရင်တုန်းကနဲ့ မတူတဲ့ ပြည်တွင်းစစ်မျိုး ဖြစ်လာနိုင်တဲ့အလားအလာ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာက မနေ့မှာ သတိပေးလိုက်ပါတယ်။
စစ်ကောင်စီက ပြည်သူတွေအပေါ်အကြမ်းဖက်မှု မြင့်တက်နေတဲ့အချိန် ယူကေရဲ့တိုက်တွန်းမှုနဲ့ လုံခြုံရေးကောင်စီက မနေ့မှာ တံခါးပိတ်အစည်းအဝေး ကျင်းခဲ့ပါတယ်။
ဘာဂီနာက မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်တွေအကြောင်း အကျဉ်းချုံး ရှင်းပြခဲ့ပြီး အာဏာသိမ်းမှုကို ပြန်ရုပ်သိမ်းကာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ (Faild State) ဖြစ်ဖို့ နီးနေပြီလို့လည်း သူကမ ဆိုပါတယ်။
“ကျွန်မတို့ရဲ့ မျက်စိအောက်မှာပဲ ဖြစ်လာနိုင်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှု မြင့်တက်လာတာကို မတားဆီးနိုင်ဘူးဆိုရင် ကမ္ဘာကြီးဟာ လက်ရှိ ကြိုတင်တားဆီးမှုဆောင်ရွက်ရင် ပေးဆပ်ရမှာထက် ပိုပြီး ကြီးကြီးမားမား ပေးဆပ်ရပါလိမ့်မယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေ ခံရမှာပါ”
မြန်မာပြည်သူတွေ ထိုက်တန်တာကို ရရှိအောင်၊ အာရှရဲ့ နှလုံးသည်းပွတ်နေရာမှာ နယ်ပယ်ပေါင်းစုံကို ထိခိုက်နိုင်မယ့် ကပ်ဆိုးကြီး ဖြစ်မလာအောင် နည်လမ်းပေါင်းစုံနဲ့ စုပေါင်းဖြေရှင်းဖို့လည်း ဘာဂီနာက လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
Ref: AP
Comments