6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၇၊ ၂၀၂၁
M-Media

-ကိုဗစ်ကူးစက်မှု ဖြစ်ပွားမှာကို စိုးရိမ်တဲ့အတွက် ရမ်ဇာန်လ ဗလီဝတ်ကျောင်းတော်တွေမှာ မနက် ဝါထမင်းစုစားတာ၊ ညနေဝါထွက် ဝါစုဖြေတာတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆော်ဒီအာရေဗျ အစိုးရက ထုတ်ပြန်ပါတယ်။

အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လဟာ လာမယ့်တစ်ပတ်မှာ စတင်မှာပါ။ ဥပုသ်လအတွင်း ဗလီတွေ၊ အိမ်တွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဝါထမင်းစားတာ၊ ဝါဖြေတာတွေ ပုံမှန်ပြုလုပ်လေ့ရှိပေမယ့် ကိုဗစ်ကူးစက်တဲ့ မနှစ်က စတင်ပြီး ဒါတွေ လုပ်ဆောင်လို့ မရတော့ပါဘူး။

ပြီးခဲ့တဲ့နှစ်ကလည်း ဆော်ဒီဟာ လူစုပြီး ဝါထမင်းစားတာ၊ ဝါဖြေတာတွေကို ပိတ်ပင်ခဲ့သလို၊ ဗလီဝတ်ကျောင်းတွေမှာ ဥပုသ်လတစ်လလုံး သာရာဝီ အထူးဝတ်ပြုဆုတောင်းမှုကိုလည်း ခွင့်မပြုခဲ့ပါဘူး။ အခုနှစ်မှာ သာရာဝီ ဝတ်ပြုဆုတောင်းမှုအတွက် သတင်းမထုတ်ပြန်သေးပေမယ့် ရမ်ဇာန်ဥပုသ်လအတွက် လိုအပ်တဲ့ သတ်မှတ်ချက်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက ဆော်ဒီအာရေဗျမှာ တစ်ရက်ကို ကိုဗစ်ကူးစက်သူ ၄၀၀၀ လောက်ရှိခဲ့ပေမယ့် ဇန်နဝါရီလမှာတော့ တစ်နေ့ကို ၁၀၀ အောက်အထိ ကျဆင်းသွားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကူးစက်သူ တစ်နေ့ ၇၀၀ လောက်အထိ ပြန်တက်လာပါတယ်။

Ref: Alarabiya

Comments are closed.