ဧပြီ ၂၉၊ ၂၀၂၁
M-Media
-စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သောင်းချီ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA က ထုတ်ပြန်ပါတယ်။
င်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သောင်းချီ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA က ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်မှာ လတ်တလော KIA နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေအတွင်း အိုးအိမ်ပျက်ဆီး ဆုံးရှုံးတာတွေရှိသလို လူ ၅၀၀၀ လောက် နေရပ်စွ့န်ခွာ ထွက်ပြေးခဲ့ရပါတယ်။
နှစ်ဖက်တိုက်ခိုက်မှုတွေမှာ လက်နက်ကြီးတွေ အသုံးပြုတာရှိသလို၊ စစ်ကောင်စီဖက်က လေယာဉ်နဲ့ တိုက်ခိုက်တာတွေလည်း ရှိပါတယ်။
“ရက်အနည်းအငယ်အတွင်း လူ ၈၀၀ လောက် မူလနေရပ်ကို ပြန်လာခဲ့ပြီး ၄၀၀၀ လောက်ကတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ အပါအဝင် အခြားနေရာတွေမှာ ခိုလှုံနေရပါတယ်” လို့ OCHA က ပြောပါတယ်။
KIA နဲ့ မြန်မာစစ်တပ်တို့အကြား ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီးတဲ့နောက် ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ အနည်းဆုံး လူပေါင်း ၉၅၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
OCHA က ဖေဖော်ဝါရီနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို မလုံခြုံမှုတွေ၊ စိန်ခေါ်မှုတွေ ရှိနေပေမယ့် အရေးပေါ်အကူအညီတွေ ပေးပို့နိုင်အောင် လူသားချင်း စာနာထောက်ထားမှုအဖွဲ့တွေ၊ ဒေသတွင်း ကူညီရေးအဖွဲ့တွေက အကောင်းဆုံး ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာလည်း ဇန်နဝါရီလနောက်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁၀၉၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၄၀၀၀ နီးပါးလောက်က လက်ရှိအချိန်အထိ ဘေးလွတ်ရာမှာ နေထိုင်နေရပါတယ်။
ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးမှာလည်း ကရင်လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်လာတာကြောင့် လူ ၄ သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ထိုင်းနိုင်ငံကို ထွက်ပြေးရသူက ၃ ထောင်လောက် ရှိနေပါတယ်။
Ref: UN News
Comments