6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၃၊ ၂၀၂၁
M-Media

-ကနေဒါက ဌာနေလူမျိုးစုတွေအပေါ် ခရစ်ယာန်ကက်သလစ်အာဏာပိုင်တွေက သမိုင်းနဲ့ချီ ကျူးလွန်သတ်ဖြတ်မှုတွေအတွက် ပုပ်ရဟန်းမင်းကြီးက မတောင်းပန်တာဟာ ရှက်စရာကိစ္စဖြစ်တယ်လို့ ကနေဒါ ဌာနေလူမျိုးစုဆိုင်ရာဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ကနေဒါနိုင်ငံ အနောက်တောင်ပိုင်း ကမ်လွပ်မြို့မှာ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်အရင်က ခရစ်ယာန်ကက်သလစ် သာသနာပြုအဖွဲ့တွေ တည်ထောင်ခဲ့တဲ့ ဘော်ဒါကျောင်းတစ်ခုမှာ ဌာန​လူမျိုးစုက ကလေးငယ်ပေါင်း ၂၁၅ ဦး အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာကို ပြီးခဲ့တဲ့တစ်ပတ်မှာ တွေ့ရှိခဲ့ပါတယ်။

အဲဒီဘော်ဒါကျောင်းဟာ ဌာနေလူမျိုးစုတွေကို ခရစ်ယာန်ဘာသာသွတ်သွင်းရေး ကက်သလစ်အဖွဲ့အစည်းတွေက ကနေဒါနိုင်ငံတစ်ဝှမ်း ၁၈၇၀ ပြည့်နှစ်တွေကနေ ၁၉၉၀ ပြည့်နှစ်တွေအထိ ဖွင့်လှစ်ခဲ့တဲ့ ဘော်ဒါကျောင်း ၁၃၉ ခုထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ကနေဒါက ဌာနေမျိုးနွယ်စုတွေဖြစ်တဲ့ အင်ဒီယန်၊ အင်ဂျုနဲ့ မီတစ် မျိုးနွယ်တွေက ကလေးငယ်ပေါင်း ၁ သိန်း ခွဲလောက် အဲဒီကျောင်းတွေမှာ မတက်မနေရ တက်ခဲ့ရပြီး ကျောင်းအုပ်တွေနဲ့ ဆရာ၊ ဆရာမတွေဟာ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားကို ပျောက်ပျက်သွားအောင် လုပ်ဆောင်တာအပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ ညှမ်းပမ်းနှိပ်စက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ကနေဒါ အမှန်တရားနှင့် ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင် (TRC) က ဒီလုပ်ရပ်တွေဟာ နိုင်ငံအတွင်းက ဌာနေလူမျိုးစုတွေကို ‘ယဉ်ကျေးမှု ဂျီနိုဆိုက်’ လုပ်ဆောင်တာဖြစ်တယ်လို့ နှစ်ပေါင်း များစွာ စုံစမ်းစစ်ဆေးပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီကိစ္စတွေအတွက် ပုပ်ရဟန်းမင်းကြီးက တောင်းပန်ပေးဖို့ ​ဌာနေလူမျိုးစုတွေ ပိုမိုတောင်းဆိုလာတာမျိုးကို ထောက်ခံတယ်လို့ ကနေဒါ လူမျိုးစုရေးရာဝန်ကြီး မာ့ခ် မီလာက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဒီလိုမတောင်းပန်သေးတာက ရှက်စရာပါ။ အခုအချိန်အထိ တောင်းပန်တာမျိုး မလုပ်သေးပါဘူး။ ဒါဟာ လုပ်သင့်တဲ့ကိစ္စပါ။ ကနေဒါ ဘုန်းတော်ကြီးများကောင်စီကလည်း တောင်းပန်ဖို့ တာဝန်ရှိပါတယ်”

ဌာနေလူမျိုးစုများဆိုင်ရာ ဆက်ဆံရေး ဝန်ကြီးဌာန ကာရိုလိုင်း ဘန်နက်က လူမျိုးစုလူ့အဖွဲ့အစည်းတွေရဲ့ စိတ်ဒဏ်ရာ ကျက်စေဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းပန်မှု လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူတို့တွေက ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းပန်မှုကို ကြားချင်ကြတာပါ။ ကက်သလစ်အသင်းတော်အနေနဲ့ ပိုမိုကောင်းမွန်စွာ တုန့်ပြန်နိုင်ရေး တောင်းဆိုပေးဖို့ ကနေဒါနိုင်ငံတစ်ဝှမ်းက ကက်သလစ်ဘုရားကျောင်းအားလုံးကို တိုက်တွန်းပါတယ်”

မာ့ခ်မီလာရဲ့ မှတ်ချက်ထွက်လာအပြီး နာရီပိုင်းအကြာမှာပဲ ဗန်ကူးဗားမြို့ သာသနာပိုင်ဘုန်းတော်ကြီး ဘစ်ရှော့ ဂျေ မိုက်ကယ် မီလာက အသင်းတော်ရဲ့ လုပ်ရပ်တွေအတွက် ဌာနေလူမျိုးစုတွေကို တောင်းပန်ကြောင်း ဆိုရှယ်မီဒီယာမှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ် ။

Ref: AFP

Tags:

Comments are closed.