ဇူလိုင် ၅၊ ၂၀၂၁
M-Media
-ထွက်ရှိပြီးသား ကိုဗစ်ကာကွယ်ဆေးတွေကို တစ်ကြိမ်စီ ပေါင်းစပ်ထိုးနှံတာဟာ ကိုခံစွမ်းအားကို ပိုမိုကောင်းမွန်စေတယ်လို့ ယူကေက လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။
Com-Cov လို့ အမည်ပေးထားတဲ့ အဲ့ဒီလေ့လာမှုဟာ Pfizer နဲ့ AstraZeneca တို့ နှစ်ကြိမ်စီထိုးတာ၊ တစ်ကြိမ်ကို တစ်မျိုးစီထိုးတာတွေရဲ့ သက်ရောက်မှုကို စမ်းသပ်ခဲ့တာပါ။
ပေါင်းစပ်ထိုးနှံမှုအားလုံးဟာ ကိုယ်ခံစွမ်းအား ကောင်းမွန်တာတွေ့ရပြီး၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကိုလည်း ပိုမိုလွယ်ကူ အဆင်ပြေစေလိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။
AstraZeneca နှစ်ကြိမ်ထိုးထားပြီးတဲ့သူတွေဟာ တစ်ခြားကိုဗစ်ကာကွယ်ဆေး ထပ်ထိုးမယ်ဆိုရင် ကိုဗစ်ကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအား ပိုမိုကောင်းမွန်နိုင်လိမ့်မယ်ဆိုတဲ့ သဲလွန်စတစ်ခုကိုလည်း ဒီလေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။
ယူကေ ကျန်းမာရေးဌာန တာဝန်ရှိသူ ပရော်ဖက်ဆာ ဂျိုနသန် ဗန် တမ်က လက်ရှိ ယူကေမှာ ကာကွယ်ဆေးတစ်မျိုးတည်း နှစ်ကြိမ် ထိုးပေးနေမှုကို ပြောင်းလဲမှာ မဟုတ်ပေမယ့် အနာဂတ်မှာတော့ ပေါင်းစပ်ထိုးပေးတာမျိုး လုပ်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
တစ်ချို့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး ပေါင်းစပ်ထိုးပေးတာမျိုးကို လုပ်ဆောင်နေပါတယ်။ စပိန်နဲ့ ဂျာမနီတို့မှာဆိုရင် ပထမတစ်ကြိမ် AstraZeneca ထိုးပေးထားတဲ့ သူတွေကို ဒုတိယတစ်ကြိမ်မှာ Pfizer ဒါမှမဟုတ် Moderna mRNA ထိုးပေးတာမျိုး လုပ်ဆောင်နေပါတယ်။
ကိုဗစ်ဝင်ရောက်မှုကို တားဆီးနိုင်မယ့် ကိုယ်ခံစွမ်းအား အပြည့်အ၀ရဖို့အတွက် ကာကွယ်ဆေး နှစ်ကြိမ်ထိုးရတာ ဖြစ်ပါတယ်။
Ref : BBC
Comments