ဇူလိုင် ၉၊ ၂၀၂၁
M-Media
-အနာဂတ် သန့်စင်တဲ့စွမ်းအင် ကူးပြောင်းရးမှာ အရေးပါတဲ့လောင်စာ ဖြစ်လာမယ့် ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်တင်ပို့ရောင်းချဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က စီစဉ်နေပါတယ်။
ဒီစီမံကိန်းကို ယူအေအီးက အကြီးဆုံး ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း National Oil (Adnoc) ကုမ္ပဏီက ဦးဆောင်တာဖြစ်ပြီး အခြားစွမ်းအင်ကုမ္ပဏီတွေနဲ့ ရှယ်ယာမျှကာ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးနေပါတယ်။
လက်ရှိ ဟိုက်ဒရိုဂျင်လောင်စာစျေးကွက်ဟာ သိပ်မကြီးသေးပေမယ့် ၂၀၅၀ အရောက်မှာ တစ်နှစ်ကို ကန်ဒေါ်လာ ၇၀၀ ဘီလီယံလောက်ရှိတဲ့စျေးကွက် ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ဟိုက်ဒရိုဂျင်လောင်စာဟာ လောင်ကျွမ်းပြီးရင် ရေသာထွက်တဲ့အတွက် သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်မှုမရှိပါဘူး။ ဒါပေမယ့် ဒီလောင်စာထုတ်လုပ်ရေးအတွက် ကုန်ကျစားရိတ်က ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိမှာ ဖြစ်ပါတယ်။
Adnoc ကုမ္ပဏီရဲ့ အကြီးအကဲ ယူအေအီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံအမတ် ဆူလ်တန် အလ် ဂျဘားရ်က လာမယ့် နှစ် ၂၀ အတွင်း ဟိုက်ဒရိုဂျင်လောင်စာဟာ အဓိကစွမ်းအင်ရင်းမြစ် ဖြစ်လာမယ်လို့ ပြောပါတယ်။
လက်ရှိမှာ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နိုင်ရေး သူတို့ကုမ္ပဏီဟာ ဂျပန်အစိုးရ၊ တောင်ကိုရီးယားရဲ့ GS Energy ကုမ္ပဏီတွေနဲ့ သဘောတူညီချက်တွေ ရရှိထားတယ်လို့လည်း ဂျဘားရ်က ဆိုပါတယ်။
ယူအေအီးကထုတ်မယ့် ဟိုက်ဒရိုဂျင်လောင်စာပုံစံဟာ သဘာ၀ဓာတ်ငွေ့ကို ပုံပြောင်းကာ ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ကနေ ရယူမယ့် Blue Hydrogen အမျိုးအစားဖြစ်ပြီး အမိုးနီးယားအဖြစ်ပြန်ပြောင်းကာ တင်ပို့မှာ ဖြစ်ပါတယ်။
ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ဆော်ဒီအာရေဗျကလည်း ဟိုက်ဒရိုဂျင်လောင်စာ တင်ပို့နိုင်ရေး စီစဉ်နေပါတယ်။
Ref : Aljazeera
Comments