ဇူလိုင် ၁၄၊ ၂၀၂၁
M-Media
-အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေက မိုးကြိုးပစ်မှုကြောင့် နိုင်ငံတစ်ဝှမ်း အနည်းဆုံး ၃၈ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးမှုအများစုဟာ နိုင်ငံအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စုစုပေါင်း လူ ၂၀ သေဆုံးခဲ့ပါတယ်။
ခရီးသွားတွေ စိတ်ဝင်စားတဲ့ ၂၀ ရာစု ရှေးဟောင်းခံတပ်တစ်ခုက ကင်းမျှော်စင်အနီးမှာ လူ ၁၁ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲကတစ်ချို့ဟာ ဆဲလ်ဖီရိုက်နေစဉ် မိုးကြိုးပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရာဂျက်စသန်ပြည်နယ်က အခြားနေရာတွေမှာလည်း မိုးကြိုးပစ်မှုကြောင့် အနည်းဆုံး နောက်ထပ် လူ ၉ ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။
အူတာပရာဒက်ရှ်ပြည်နယ်မှာ မိုးကြိုးကြောင့် ၁၈ ဦးသေဆုံးခဲ့ပြီး အများစုဟာ ကွင်းပြင်းတွေမှာ အလုပ်လုပ်နေကြတဲ့ လယ်သမားတွေဖြစ်ပါတယ်။
ကျန်ရစ်သူမိသားစုနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ကြေးတွေ ပေးထားတယ်လို့ ပြည်နယ်အစိုးရတွေက ထုတ်ပြန်ပါတယ်။ အိန္ဒိယ မိုးလေဝသဌာနက နောက်ထပ် ၂ ရက်အတွင်း နိုင်ငံတစ်ဝှမ်း မိုးကြိုးပစ်မှုတွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အိန္ဒိယမှာ မိုးတွင်းရောက်ရင် မိုးကြိုးပစ်မှုကြောင့် လူအမြောက်အများသေဆုံးမှု ဖြစ်ပွားတတ်ပြီး ၂၀၁၉ ခုနှစ်မှာ နိုင်ငံတစ်ဝှမ်း မိုးကြိုးကြောင့် လူ ၂၉၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Ref: Aljazeera
Comments