ဩဂုတ် ၁၉၊ ၂၀၂၁
M-Media
-ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးသူတွေ ကိုယ်ခံအားကို ထိန်းထားနိုင်ဖို့အတွက် တတိယအကြိမ် Booster ထိုးဖို့ လိုအပ်တယ်လို့ အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
ပုံပြောင်းကိုဗစ် Delta ကူးစက်မှု ကမ္ဘာတစ်ဝှမ်း ဆက်လက်မြင့်တက်နေပြီး၊ ကာကွယ်ဆေးကပေးတဲ့ ကိုယ်ခံအားဟာ အချိန်ကြာလာရင် ကျသွားနိုင်တယ်ဆိုတဲ့ အချက်အလက်တွေ ထွက်လာချိန် အမေရိကန်က အခုလို သတိပေးလိုက်တာပါ။
အမေရိကန် ကူးစက်ရောဂါ တားဆီးကာကွယ်ရေးဌာန CDC တာဝန်ရှိသူတွေက ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပေမယ့် သိပ်မပြင်းတဲ့ ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်စွမ်းဟာ အချိန်ကာလတစ်ခုကြာရင် ကျဆင်းသွားတတ်တယ်ဆိုတာ လေ့လာမှုမှာ တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
တတိယအကြိမ်ကို ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၈ လကြာတဲ့အခါ ထပ်ထိုးရမှာဖြစ်ကာ အမေရိကန်မှာ စက်တင်ဘာ ၂၀ ရက်နေ့ စတင်ထိုးပေးမှာဖြစ်ပါတယ်။ Pfizer နဲ့ Moderna နှစ်ကြိမ်ထိုးထားသူတွေအပြင် တစ်ကြိမ်ည်းထိုးရတဲ့ Johnson & Johnson ဆေး ထိုးထားသူတွေပါ Booster ထိုးရဖို့ ရှိနေပါတယ်။
လက်ရှိ အမေရိကန်မှာ ပုံပြောင်းကိုဗစ် Delta ကူးစက်မှု မြင့်တက်နေပြီး လာမယ့်လအနည်းငယ်အတွင်း ကူးစက်မှု ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန်မှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသားသူတွေကို တတိယအကြိမ် ထိုးပေးဖို့အတွက် ဆေးအလုံအလောက်ရှိနေပမယ့် ၃ ကြိမ်ထိုးရတဲ့အခါ ကမ္ဘာပေါ်က တစ်ခြားနိုင်ငံတွေမှာ ဆေးမလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။
Ref: Aljazeera
Comments