အောက်တိုဘာ ၂၊ ၂၀၂၁
M-Media
-တရုတ်လေတပ်က လေယာဉ် ၄၀ နီးပါးလောက် မိမိတို့ပိုင်နက်ကို ကျူးကျော်ပျံသန်းလာတဲ့အတွက် တိုက်လေယာဉ်တွေ ပျံတက်သတိပေးခဲ့ရတယ်လို့ ထိုင်ဝမ်က ထုတ်ပြန်ပါတယ်။
‘တရုတ်ဟာ စစ်ဖက်ကျူးကျော်မှုကို လက်လွတ်စပယ် လုပ်ဆောင်ခဲ့ပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေး ထိခိုက်ပျက်ဆီးစေပါတယ်’ လို့ ထိုင်၀မ်ဝန်ကြီးချုပ် Su Tseng-chang က ဒီကနေ့ မနက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တရုတ်ဖက်က J-16 တိုက်လေယာဉ် ၁၈ စင်း၊ Su-30 တိုက်လေယာဉ် ၄ စင်း၊ နျူဗုံးသယ်နိုင်တဲ့ H-16 ဗုံးကြဲလေယာဉ် ၂ စင်း၊ ရေငုပ်သင်္ဘောခွင်း လေယာဉ်တစ်စင်း သောကြာနေ့က မိမိပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် တိုက်လေယာဉ်တွေ ပျံတက်သတိပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
စနေနေ့ မနက်ပိုင်းကလည်း J-16 တိုက်လေယာဉ် ၁၀ စင်း၊ H-6 လေယာဉ် ၂ စင်းနဲ့ ကင်းထောက်လေယာဉ် ၁ စင်းတို့ ထပ်မံ ကျူးကျော်ဝင်ရောက်လာခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ထိုမ်ဝမ်ရဲ့ထုတ်ပြန်မှုကို တရုတ်ဖက်က တုန်ပြန်တာမျိုး မရှိသေးပါဘူး။ တရုတ်က ထိုင်ဝမ်ဟာ မိမိတို့ရဲ့ပိုင်နက် ဖြစ်တယ်လို့ ပြောကြားထားတာပါ။ ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတဲ့ဒေသလည်း ဖြစ်ပါတယ်။
ပရာတက်စ်ကျွန်းနဲ့ကပ်နေတဲ့ နိုင်ငံအနောက်တောင်ပိုင်းက လေကြောင်းကာကွယ်ရေးဇုန်ကို တရုတ်လေတပ်က ကျူးကျော်ဝင်ရောက်မှုတွေ လုပ်ဆောင်တယ်လို့ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး ထိုင်ဝမ်ဖက်က မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။
တရုတ်ဟာ ထိုင်ဝမ်အပေါ် စစ်ရေး၊ နိုင်ငံရေးဖိအားတွေပိုသုံးပြီး သူတို့ရဲ့ အုပ်ချုပ်မှုကို လက်ခံအောင် ပိုမိုလုပ်ဆောင်လာပါတယ်။ ထိုင်ဝမ်ကတော့ မိမိတို့ဟာ လွတ်လပ်တဲ့ အချုပ်အခြာပိုင်နိုင်ငံဖြစ်ပြီး လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: Reuters
Comments