6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၅၊ ၂၀၂၁
M-Media

-ပြင်သစ်နိုင်ငံ ခရစ်ယာန်ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေနဲ့ သာသနာ့ဝန်ထမ်းတွေဟာ နှစ်ပေါင်း ၇၀ အတွင်း ကလေးငယ်ပေါင်း ၂၁၆၀၀၀ လောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြောင်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။

၁၉၅၀ ပြည့်နှစ်နောက်ပိုင်းက ကိစ္စတွေကို စုံစမ်းဖော်ထုတ်ထားပြီး စာမျက်နှာ ၂၅၀၀ ကျော်ရှိတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ကော်မရှင်အကြီးအကဲ Jean-Marc Sauve က လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေနဲ့ သာသနာ့ဝန်ထမ်း ၃ ထောင်လောက်က စနစ်တကျ ကျူးလွန်ခဲ့တာကို တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးငယ်တွေရဲ့ ၈၀ ရာခိုင်နှုန်းက ​ယောကျ်ားလေးတွေ ဖြစ်ပါတယ်။

Sauve က ကက်သလစ်အသင်းတော် တာဝန်ရှိသူတွေဟာ စော်ကားခံရသူတွေကို ကာကွယ်ရမယ့်အစား အသင်းတော်ကိုသာ နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့ကြောင်း၊ ဒီလိုစော်ကားမှုကို တားဆီးဖို့ မလုပ်ဆောင်ခဲ့တဲ့အပြင် သိလျက်နဲ့ ကလေးငယ်တွေကို စော်ကားမယ့်သူတွေနဲ့ ထိတွေ့ခွင့်ပေးခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“နောက်ဆက်တွဲရလဒ်တွေက တော်တော်လေးကို ဆိုးရွားပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာတွေမှာ ကြီးကြီးမားမား ပြဿနာတွေကို ကြုံတွေ့ရလေ့ရှိပါတယ်”

ဒီတွေ့ရှိချက်တွေဟာ စက်ဆုပ်ရွံရှာဖွယ် ကောင်းတယ်လို့ ကျူးလွန်ခံရသူတွေက ပြောပါတယ်။

“ခင်ဗျားတို့တွေဟာ လူသားထုကို အကျည်းတန်စေသူတွေပါ။ ဒီကိစ္စဟာ စက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှုကို အကြီးအကျယ် ကျူးလွန်တာမျိုးဖြစ်ပြီး၊ ပိုဆိုးတာက လူတွေရဲ့ ယုံကြည်မှု၊ ကိုယ်ကျင့်တရားနဲ့ ကလေးငယ်တွေအပေါ် သစ္စာဖောက်မှု ဖြစ်နေပါတယ်” လို့ ကျူးလွန်ခံရသူတွေဖက်က ရပ်တည်ပေးနေတဲ့ La Parole Liberee အဖွဲ့ကို တည်ထောင်သူ Francois Devaux က ပြောပါတယ်။

ကသလစ်အသင်းတော်အကြောင်း ရေးသားဖော်ပြ​နေတဲ့ The Tablet စာစောင်က ဗာတီကန်သတင်းထောက် Christopher Lamb က အခုလို အခြေအနေဆိုးတစ်ခု ရုတ်တရက်ပေါ်ထွက်လာတာဟာ ကက်သလစ်အသင်းတော်ကို သိက္ခာကျစေပြီး ကျူးလွန်ခံရသူတွေအတွက် နာကျင်ဖွယ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တောင်းပန်

ပြင်သစ် ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီး Reims နဲ့ ကက်သလစ်ဘုန်းတော်ကြီးများအသင်း အကြီးအကဲ Eric de Moulins-Beaufort က ဖြစ်ပျက်ခဲ့တာတွေအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပြီး အရေးယူဆောင်ရွက်သွားမယ်လို့လည်း ကတိပြု ပြောဆိုခဲ့ပါတယ်။

ကနေဒါ၊ ဩစတေးလျတို့အပါအဝင် ကမ္ဘာ့နိုင်ငံတစ်ချို့မှာ ခရစ်ယာန် ကက်သလစ်ဘုန်းကြီးတွေက ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေထွက်လာတဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြင်သစ်အစိုးရက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ပြင်သစ်ကက်သလစ်အသင်းတော်မှာ ဒီလိုကိစ္စတွေ ရှိ၊ မရှိကို စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ကော်မရှင်ဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း ကိစ္စတွေက ကျူးလွန်ခံရသူတွေ၊ မျက်မြင်သက်တွေနဲ့ တွေ့ဆုံတာ၊ ကသလစ်အသင်းတော်က မှတ်တမ်းတွေ၊ တရားရုံး၊ ရဲတပ်ဖွဲ့နဲ့ မီဒီယာက စာရွက်စာတမ်းတွေကို လေ့လာတာတွေ လုပ်ပြီး တွေ့ရှိချက်တွေကို မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

Sauve က ကော်မရှင်ဟာ တွေ့ဆုံမေးမြန်းမှုကနေ ကျူးလွန်ခံရသူပေါင်း ၂၇၀၀ လောက် ဖော်ထုတ်နိုင်ခဲ့ပြီး၊ အရင်မှတ်တမ်းတွေကနေ ကျူးလွန်ခံရသူ ထောင်သောင်းချီ ထပ်မံတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေ၊ သာသနာ့ဝန်ထမ်း​တွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေဟာ ၂၁၆၀၀၀ လောက် ရှိနေတယ်ဆိုတာ အသေးစိတ် စုံစမ်းဖော်ထုတ်မှုကနေ ပေါ်ထွက်လာခဲ့ပြီး အသင်းတော်က ခန့်ထားတဲ့ လူဝတ်ကြောင်ဝန်ထမ်းတွေရဲ့ ကျူးလွန်မှုနဲ့ပေါင်းလိုက်ရင် ကျူးလွန်ခံရသူအရေအတွက်ဟာ ၃၃၀၀၀၀ လောက် ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဆက်လက်စုံစမ်းစစ်ဆေးဖို့ လိုအပ်နေတဲ့ အမှု ၂၂ မှုကို တရားရေးဌာနဆီ လွှဲပေးခဲ့ပြီး၊ ပြင်သစ်ဥပဒေအရေ အမှုတည်ဆောက်ဖို့ မဖြစ်နိုင်တော့ပေမယ့် ကျူးလွန်သူတွေ သက်ရှိထင်ရှားရှိနေတဲ့ အမှု ၄၀ ကျော်ကို ကက်သလစ်အသင်းထော်ထံလွှဲပြောင်းပေးခဲ့တယ်လို့ ကော်မရှင်အကြီးအကဲ Sauve က ပြောပါတယ်။

ဒီလိုကျူးလွန်မှုတွေကို တားဆီးဖို့ အကြံပြုချက် ၄၅ ချက်ကို စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်ပေးခဲ့ပါတယ်။

Ref: Reuters

Comments are closed.