အောက်တိုဘာ ၂၇၊ ၂၀၂၁
M-Media
-အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လှုံ့ဆော်မှုကြောင့် မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ အားကောင်းလာတယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ရုရှားသံရုံးက ရုရှားသတင်းဌာန TASS ကို ဖြေကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ရုရှားက အပြည့်အ၀ ထောက်ခံအားပေးခဲ့ပြီး နှစ်ဖက် စစ်ခေါင်းဆောင်တွေ အပြန်အလှန် သွားရောက်လည်ပတ်မှုတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိမှာ ရုရှား စစ်ဖက်ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။
မြန်မာနိုင်ငံက အခြေအနေအကြောင်း ရုရှားသံရုံးက TASS သတင်းဌာနကို ဖြေကြားရာမှာ စက်တင်ဘာ ၇ ရက်နေ့ အမျိုးသားညီညွန်ရေးအစိုးရက စစ်ကောင်စီကို လက်နက်ကိုင်တွန်းလှန်ဖို့ ကြေငြာခဲ့ပြီးတဲ့နောက် လက်ရှိ စစ်အစိုးရကို ဒေသခံလက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်မှု ပိုမိုမြင့်တက်လာတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားသံရုံးကတော့ ပုံမှန်အတိုင်း လည်ပတ်နေပြီး စစ်ကောင်စီတပ်တွေက သံရုံးလုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပေးထားတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၁၁၀၀ ကျော် ရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ထောင်နဲ့ချီ ရှိနေပါတယ်။
Ref: TASS
(ဓာတ်ပုံ- ရုရှားကာကွယ်ရေးဝန်ကြီးနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)
Comments