ဖေဖော်ဝါရီ ၇၊ ၂၀၂၂
M-Media
-ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့သား ဟွန်မာနတ်ဟာ ဖေဖော်ဝါရီလအလယ်ပိုင်းမှာ ဂျပန်နိုင်ငံကို သွားရောက်ဖို့ရှိနေပြီး အဲဒီခရီးစဉ်အတွင်း မြန်မာ့အရေးကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
ဟွန်မာနတ်ဟာ ကမ္ဘောဒီးယားစစ်တပ် အကြီးအကဲဖြစ်ပြီး ဟွန်ဆန်က သူ့သားကို သူ့နေရာဆက်ခံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဂျပန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ၊ နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ၊ ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီတို့နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွေ၊ အခြား ကိစ္စတွေ ဟွန်မာနတ်က ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဟွန်မာနတ်ရဲ့ခရီးစဉ်အတွင်း ဂျပန်တာဝန်ရှိသူတွေက မြန်မာ့အရေးပါ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ အခုနှစ်ဇန်နဝါရီ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်အတွင်း ဟွန်မာနတ်လည်း လိုက်ပါခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ကမ္ဘောဒီးယားဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အာဆီယံအသိုင်းအ၀ိုင်းမှာ ပြန်လည်ပါဝင်နိုင်ရေး ကြိုးပမ်းဖို့ ဆန္ဒရှိပေမယ့် အခြား အာဆီယံအဖွဲ့အဝင်တွေက လက်မခံတဲ့အတွက် ရှေ့ဆက်လို့ မရခဲ့ပါဘူး။
ဂျပန်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာအစိုးရကို ပေးနေတဲ့ အကူအညီတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
Ref: Japan Today
Comments